“ကြက်သွန်ဖြူများ အောင်မြင်စွာစိုက်ပျိုးပြီးစီး”

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျှက်ရှိရာ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်ဖြူသီးနှံကိုလည်း စိုက်ပျိုးကြပါသည် ။ ခရိုင်အတွင်းတွင် ကြက်သွန်ဖြူ စိုက်ဧက(၂၁၇)ဧကစိုက်ပျိုးထားရှိပြီး အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် စတင်စိုက်ပျိုးကြပါသည်။ကြက်သွန်ဖြူ(၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင်(၁၂)သိန်းခန့်ကုန်ကျပြီး အများဆုံးစိုက်ပျိုးသောမျိုးမှာ ဗမာကြက်သွန်ဖြူမျိုးများကိုသာ စိုက်ပျိုးကြပါသည်။စိုက်ပျိုးမှုအနေဖြင့် မျိုး(၆၀)ပိဿာခန့်အထိစိုက်ပျိုးရကြောင်း၊ကြက်သွန်ဖြူသီးနှံ သည် ကြက်သွန်နီသီးနှံထက် (၁)လခွဲခန့်နောက်ကျကြောင်း ၊ ကျေးရွာဓလေ့အရ ကြက်သွန်မြိတ် အခြောက်ခံပြီးအစည်းများစည်း၍ သိမ်းဆည်းထားကြောင်း ၊ (၁)ဧက အထွက်နှုန်းအနေဖြင့်(၁၅၀၀) ပိဿာခန့်ထွက်ရှိကြောင်း ၊ ယခုလက်ရှိ ကြက်သွန်ဖြူပေါက်စျေး (၁)ပိဿာလျှင် (၂၀၀၀၀/-)ကျပ် နှင့် ရှမ်းကြက်သွန်ဖြူ (၁)ပိဿာလျှင်(၁၄၈၀၀/-)ကျပ် စျေးများဖြင့် ရောင်းဝယ်လျက်ရှိပါသည် ။ ပေါ်ဦးပေါ်စတွင် ကြက်သွန်ဖြူစျေးနှုန်းများကောင်းမွန်ပါက တောင်သူများအကျိုးအမြတ် ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ၊ ကြက်သွန်ဖြူစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)