“ပဲကြီး စိုက်ပျိုးမှုအခြေအနေ”

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ပဲကြီးသီးနှံကို လည်း စိုက်ပျိုးကြပါသည်။ခရိုင်အတွင်းတွင် ယခုအချိန်ထိ ပဲကြီးစိုက်ဧက(၃၇၉)ဧက စိုက်ပျိုးပြီးစီးပြီး ကျောက်ဆည်မြို့နယ်တွင်(၁၃၉)ဧက၊ မြစ်သားမြို့နယ်တွင်(၂၄၀)ဧကစိုက်ပျိုးထားကြောင်း၊ ခရိုင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရပါသည်။ ပဲကြီးသီးနှံကို ယာမြေများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ကျောက်ဆည်မြို့နယ်တွင် အများဆုံးစိုက်ပျိုးသောရွာများမှာ ရဲကြီးကျေးရွာ၊အရှေ့သပြေသာရွာ၊ ဆင်ဖြူကျေးရွာနှင့် မြစ်သားမြို့နယ်တွင် ရိုးကန်ရွာ၊ ရစ်ကန်ရွာနှင့် ညောင်ဝန်းကျေးရွာများတွင်း အများဆုံး စိုက်ပျိုးကြပါသည်။ အချို့ဒေသတွင် ပဲကြီးသီးနှံကို ဆောင်းနှမ်းဖြင့် ရော၍သီးထပ်သီးညှပ်အဖြစ် စိုက်ပျိုးကြပါသည် ။ ပဲကြီးစိုက်ပျိုးရာတွင် (၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး ၊ သွင်းအားစု ၊ လုပ်သားခ အပါအဝင်(၅)သိန်းကျပ်ခန့် ကုန်ကျကြောင်း၊မျိုး(၁)ပြည်လျှင်(၇၀၀၀/-)ကျပ်ခန့် စျေးနှုန်းရှိကြောင်း၊ ဘောင်စိုက်စနစ်ဖြင့် စိုက်ပျိုးပါကမျိုးပိုမို စိုက်ပျိုးရကြောင်း၊ ပဲကြီးအမျိုးအစား ပေါ်မူတည်၍ ရက်ကြာနိုင်ကြောင်း၊ ဖေဖော်ဝါရီလနှင့် မတ်လများတွင် ရိတ်သိမ်းနိုင်မည်ဖြစ်ကြောင်း၊ ပဲကြီးအခြောက်ကို ဧပြီလတွင် ရိတ်သိမ်းကြောင်း ၊ (၁)ဧက အထွက်နှုန်းအနေဖြင့် (၁၃)တင်း ခန့်ထွက်ရှိကြောင်း၊ ယခုလက်ရှိ ပဲကြီးပေါက်စျေးအနေဖြင့် (၁)တင်းလျှင် (၆၈၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ပဲကြီးပေါ်ချိန်တွင် စျေးနှုန်းများ ကောင်းမွန်ပါက တောင်သူများ အကျိုးအမြတ် ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း ပဲကြီးအများဆုံးစိုက်ပျိုးသော ရိုးကန်ကျေးရွာမှ တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)