သရက်မြို့၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းဝန်းအတွင်း၌ သက်သာသောဈေးနှုန်းဖြင့် အသားငါး၊ ဟင်းသီးဟင်းရွက်များရောင်းချပေး

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း၌ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် စားသုံးသူပြည်သူများ၏စားဝတ်နေရေး တဖက်တလမ်းမှ ဖူလှုံစေရေးအတွက် (၁-၁-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၆း၀၀)နာရီအချိန်တွင် ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းရှိ ဆရာဖြေခန်းမ၌ အသားငါး၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များ ကိုသက်သာသောဈေးနှုန်းဖြင့် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

    ထိုသို့ရောင်းချပေးရာတွင် ဆန်(၁)ပြည်လျှင် ကျပ်(၂၅၀၀)၊ ဆီ(၁)ပိဿာလျှင် ဘူးခွံပါ ကျပ် (၅၇၀၀)၊ ချဉ်ပေါင်ရွက်(၁)စည်းလျှင် ကျပ်(၁၀၀)၊ ခရမ်းသီး(၁)လုံးလျှင် ကျပ်(၂၀၀)၊ ကြက်ဥ (၁)လုံးလျှင် ကျပ်(၂၂၀)၊ ကြက်သား(၂၅) ကျပ်သားလျှင် ကျပ်(၃၀၀၀)၊ ဆိတ်သား (၂၅)ကျပ်သားလျှင် ကျပ်(၄၀၀၀)၊ အမဲသား (၂၅)ကျပ်သားလျှင် ကျပ်(၄၀၀၀)ဈေးနှုန်းတို့ဖြင့် ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)