ကံမမြို့၊ တောင်ချောင်းဘက်ရှိ ပတ်ဝန်းကျင်ကျေးရွာများမှထွက်ရှိသည့် ပဲတီစိမ်းနှင့်မတ်ပဲဈေးနှုန်း/ဈေးကွက်

Powered by Drupal

  မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ပတ်ဝန်းကျင်ကျေးရွာများ၌ ပဲမျိုးစုံသီးနှံများကိုစိုက်ပျိုးလျက်ရှိရာ (၂၀၂၃-၂၀၂၄)ဘဏ္ဍာနှစ်တွင် ဆောင်းပဲတီစိမ်းသီးနှံဧက (၃၉၅၉)ဧကနှင့် ဆောင်းမတ်ပဲသီးနှံဧက (၂၂၅၃၇)ဧကကို (၃၁-၁၂-၂၀၂၃)ရက်နေ့အထိ စိုက်ပျိုးပြီးဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှသိရပါသည်။

   ကံမမြို့နယ်၊ တောင်ချောင်းဘက်ရှိ လိပ်ဒုံး၊ ပြောင်ကျ၊ ပယ်ကျ၊ ဒန်းကိုင်း၊ ထန်းတပင်၊ ရွှေစင်၊ အလယ်ရွာ စသည့်ကျေးရွာများမှထွက်ရှိသည့် ပဲမျိုးစုံသီးနှံများအနက် ပဲတီစိမ်းသီးနှံမှာ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(စတုတ္ထပတ်)တွင် (၃၀)ပိဿာဝင်တစ်အိတ်လျှင် ကျပ်(၉၀၀၀၀)ဖြင့် ဈေးနှုန်းအတက်အကျမရှိဘဲ ပဲအဝင်နည်းပါးပြီး အ‌ရောင်းအဝယ်အေးလျက်ရှိကြောင်း တစ်နေ့လျှင် အိတ်ရေ(၃၀မှ ၄၀)အိတ်ခန့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကိုင်းမတ်ပဲသီးနှံမှာ ဒီဇင်ဘာလ (တတိယပတ်) တွင် (၃၀)ပိဿာဝင်တစ်အိတ်လျှင် ကျပ်(၁၄၀၂၅၀မှ ၁၃၉၅၀၀)အတွင်းဖြစ်၍ ဒီဇင်ဘာလ (ဒုတိယပတ်) ထက် ကျပ်(၇၅၀)ဈေးနှုန်းအလျော့ဖြင့် တစ်နေ့လျှင် အိတ်ရေ (၆၀မှ ၇၀)အိတ်ခန့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပဲခူးတိုင်း၊ ပြည်မြို့သို့ နေ့စဉ် တင်ပို့ရောင်းချရကြောင်း ကံမမြို့ရှိ ကုန်သည်ဦးတင်မျိုးလှိုင်ထံမှသိရပါသည်။

DOCA(မကွေး)