သရက်မြို့နယ်မှထွက်ရှိသည့် ဆီးသီးအစို/အခြောက်ဈေးနှုန်း/ဈေးကွက်

Powered by Drupal

   သရက်မြို့နယ်ရှိ ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော ရွာသစ်၊ ပျဉ်ထောင်၊ မြွေပွေး၊ တုတ်ကိုင်း၊ ဘော်၊ ညောင်ပင်ကွင်း၊ မြောက်ဘော၊ တောင်ဘော၊ အုန်းပင်လှ၊ စခန်းကြီး စသည့်ကျေးရွာများမှထွက်ရှိသည့် ဆီးသီးအစို/အခြောက်များမှာ ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်နေပြီဖြစ်ကြောင်းသိရှိရပါသည်။

    ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(စတုတ္ထပတ်)တွင် ဆီးသီးအစို/အခြောက်တစ်တင်းလျှင် ကျပ်(၆၀၀၀) ဈေးနှုန်းဖြင့် စတင်ဝယ်ယူလျက်ရှိပြီး  ယခု၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် တစ်တင်းလျှင် ကျပ် (၉၀၀၀)ဈေးအမြင့်ဖြင့် တစ်နေ့လျှင် အိတ်ရေ (၂၀မှ ၃၀)ခန့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ဝယ်ယူရရှိပြီးသော ဆီးသီးအစို/အခြောက်များကို ဆီးသီးခွဲစက်ဖြင့် ဆီးသီးမှ ဆီးစေ့ဖြစ်အောင်ကြိတ်ခွဲပြီး ၎င်းဆီးစေ့များအား အောင်လံမြို့သို့ရောင်းချမည်ဖြစ်ကြောင်း ဆီးသီးဝယ်ယူသူ ဦးဇော်မျိုးဦး (ခ) ဦးကုလားထံမှသိရှိရပါသည်။

DOCA(မကွေး)