ကံမမြို့နယ်တွင် စားအုန်းဆီများအား အများပြည်သူများထံသို့ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

Powered by Drupal

   မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှာကြားချက်ဖြင့် သရက်ခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဆီကုန်သည်ကြီးများအသင်းတို့၏ စီမံပေးမှုအရ (၂၇-၁၂-၂၀၂၃)ရက်နေ့ နေ့လယ်(၁၄း၀၀)နာရီအချိန်မှစ၍ ကံမမြို့၊ အမှတ်(၃)ရပ်ကွက်၊ ကင်းကျေးရွာ၊ ကျွန်းကလေးကျေးရွာ၊ ပဇင်းနိမ့်ကျေးရွာ၊ စပယ်ခြုံကျေးရွာ၊ ကညင်တိုင်းကျေးရွာ၊ သမ္ဘရာကျေးရွာများရှိ အိမ်ထောင်စုများအား သက်သာသောဈေးနှုန်းဖြစ်သည့် စားအုန်းဆီ(၁)ပိဿာလျှင် ကျပ်(၅၇၀၀)ဈေးနှုန်းဖြင့်ရောင်းချပေးခဲ့ပါသည်။

    ထိုသို့ရောင်းချပေးနေမှုအား ကံမမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေး၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်၊ မြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအရာရှိများက ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ဒေသခံကုန်သည်လုပ်ငန်းရှင်များအား  စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးအပေါ် သယ်ယူခပေါင်း၍ အမြတ်နည်းနည်းထက်မပိုသောဈေးနှုန်းဖြင့်ရောင်းချရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းတို့မပြုရန်လိုအပ်ကြောင်း အသိပေးရှင်းလင်းဆွေးနွေးခဲ့မှုကိုသိရှိရပါသည်။

DOCA(မကွေး)