ဆိပ်ဖြူမြို့နယ်ရှိ ဒီဇင်ဘာလအတွင်းဖြစ်ပေါ်ခဲ့သော ကြက်သွန်နီဈေးနှုန်း/ဈေးကွက်နှင့် ကုန်စည်စီးဆင်းမှုအခြေအနေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့ရှိ ကြက်သွန်နီကုန်စည်ဒိုင်၌ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ အစောပိုင်းအချိန်တွင် ကြက်သွန်နီဈေးနှုန်းများကျဆင်းခဲ့ရာမှ ဒီဇင်ဘာလ (စတုတ္ထပတ်) တွင် ဈေးနှုန်းများပြန်လည်မြင့်တက်လာကြောင်းသိရှိရသည်။ ဈေးကွက်အနေဖြင့် ကြက်သွန်နီတစ်ပိဿာလျှင် ဒီဇင်ဘာလ(ပထမပတ်)တွင် အနိမ့်ဈေး ကျပ်(၂၅၀၀)၊ အမြင့်ဈေး ကျပ်(၃၀၅၀)ဖြင့်လည်းကောင်း၊ ဒီဇင်ဘာလ(ဒုတိယပတ်)တွင် အနိမ့်ဈေး ကျပ်(၃၃၀၀)၊ အမြင့်ဈေး ကျပ်(၃၉၀၀)ဖြင့်လည်းကောင်း၊ ဒီဇင်ဘာလ(တတိယပတ်)တွင် (မိုး)ကြက်သွန်နီအသစ်များ ကုန်စည်ဒိုင်သို့ စတင်ဝင်ရောက်လျက်ရှိပြီး အသစ်တစ်ပိဿာလျှင် အနိမ့်ဈေး ကျပ်(၂၀၀၀)၊ အမြင့်ဈေး ကျပ်(၂၂၀၀)ဖြင့်လည်းကောင်း၊ ဒီဇင်ဘာလ(စတုတ္ထပတ်)တွင် ကြက်သွန်နီဈေးနှုန်းမြင့်တက်ခဲ့ပြီး (မိုး)ကြက်သွန်နီအသစ်တစ်ပိဿာလျှင် အနိမ့်ဈေး ကျပ်(၂၀၀၀)၊ အမြင့်ဈေး ကျပ်(၂၅၀၀)ဖြင့်ဈေးနှုန်းမြင့်တက်ခဲ့ကာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိရသည်။

    ပြည်တွင်းဈေးကွက်အနေဖြင့် ဆိပ်ဖြူမြို့နယ်မှထွက်ရှိသည့် ကြက်သွန်နီများကို ရန်ကုန်တိုင်းဒေသကြီးရှိ ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ပြည်မြို့များသို့ နေ့စဉ် တင်ပို့လျက်ရှိပြီး ပြည်ပဈေးကွက်အနေဖြင့် ထိုင်း/ဗီယက်နမ်နိုင်ငံများသို့ မော်လမြိုင်/မြဝတီမြို့များမှတစ်ဆင့် တင်ပို့လျက်ရှိကြောင်းသိရှိရသည်။

     ဒီဇင်ဘာလအတွင်း ကုန်စည်စီးဆင်းမှုအနေဖြင့် ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီကုန်ချိန်ပိဿာ (၆)သိန်း၊ ပြည်မြို့သို့ (၂)သိန်း၊ မော်လမြိုင်မြို့သို့ (၁)သိန်းနှင့် မြဝတီမြို့သို့ (၁)သိန်း၊ စုစုပေါင်းကြက်သွန်နီကုန်ချိန်ပိဿာ (၁၀)သိန်းခန့်၊ တန်ချိန်အားဖြင့် (၁၆၃၃)တန်ခန့် ဆိပ်ဖြူမြို့မှ ကုန်စည်စီးဆင်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)