ပခုက္ကူကြက်သွန်နီကုန်စည်ဒိုင်တွင် မိုးစိုက်(ဥ)စိုက်ကြက်သွန်နီများ အများအပြားဝင်ရောက်လျက်ရှိ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူကြက်သွန်နီကုန်စည်ဒိုင်တွင် ကြက်သွန်နီစိုက်ပျိုးရာဒေသများဖြစ်ကြသော ပေါက်၊ ဆိပ်ဖြူ၊ ရေပြာ၊ ကမ္မ၊ ရေစကြိုနှင့် ပခုက္ကူကျွန်းများမှ မိုးစိုက်(ဥ)စိုက်ကြက်သွန်နီများမှာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပခုက္ကူကြက်သွန်နီကုန်ဝယ်ဒိုင်တွင် ပခုက္ကူမြို့နယ်များသာမက အခြားဒေသများဖြစ်သော ပုလဲ၊ တောင်သာ၊ညောင်ဦးနှင့် မြင်းခြံနယ်များနှင့် ယောနယ်ဒေသများမှလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်နေပါသည်။

    ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် ပခုက္ကူကြက်သွန်နီကုန်စည်ဒိုင်၏ ကြက်သွန်နီဒိုင်ပြတ်ဈေးမှာ ပေါက်နယ်(ယောစ) ထိပ်စတစ်ပိဿာလျှင် ကျပ်(၂၆၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၂၃၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၂၀၀၀)ဖြင့် နေ့စဉ် ကုန်ချိန် (၁၅၀၀၀၀မှ ၂၀၀၀၀၀)အထိဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကျွန်းစကြက်သွန်နီ ထိပ်စတစ်ပိဿာလျှင် ကျပ် (၂၇၀၀)၊  အလတ်စတစ်ပိဿာလျှင် ကျပ် (၂၄၅၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၂၁၀၀)ဖြင့် နေ့စဉ် ကုန်ချိန် (၈၀၀၀၀)ကျော်အရောင်းအဝယ်ဖြစ်နေပြီး မြို့မစည်ပင်သာယာဈေးနှင့် အမှတ်(၂)ဈေးတို့တွင် ကြက်သွန်နီအရည်အသွေးကိုလိုက်၍ ထိပ်စတစ်ပိဿာလျှင် ကျပ်(၃၀၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ် (၂၈၀၀)၊ အနိမ့်စတစ်ပိဿာလျှင် ကျပ်(၂၅၀၀-၂၆၀၀)ဖြင့်ရောင်းချနေကြောင်း၊ တင်ပို့မှုအနေဖြင့် ရန်ကုန်ဘုရင့်နောင်၊ တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံများသို့လည်းတင်ပို့နေကြောင်း ကုန်သည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)