ပခုက္ကူမြို့မစည်ပင်သာယာဈေးနှင့် အမှတ်(၂)ဈေးတို့တွင် ဖူးစားပြောင်းများ ဈေးကောင်းရနေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်တွင် အနီးအနားရှိရွာများဖြစ်သော ကုက္ကိုလ်လှ၊ သင်္ဘောကုန်း၊ ရွာသစ်ကုန်း၊ ဆယ်ရွာ၊ ကျွန်းဦးကျွန်းညို၊ မြင်းကျွန်း၊ ရေလယ်ကျွန်းနှင့် ဧရာဝတီတံတားတောင်ဘက်ရှိ ကျေးရွာများတွင် ဖူးစားပြောင်းများကို တချို့တောင်သူများက သီးညှပ်အဖြစ်စိုက်ပျိုးကြပြီး တချို့တောင်သူများမှာမူ တစ်ကွင်းလုံး အပြည့်စိုက်ပျိုးကြပါသည်။ ဖူးစားပြောင်းများဖြစ်သော သကြားဖူးနှင့် ဗမာ(အစေး)ဖူးများကိုစိုက်ပျိုးကြပါသည်။

    သကြားဖူးများ၏ ဈေးနှုန်းများမှာ တစ်ဖူးလျှင် ကျပ်(၂၀၀)မှ ကျပ်(၃၅၀)၊ အစေးဖူးဈေးနှုန်းမှာ တစ်ဖူးလျှင် ကျပ်(၂၅၀)မှ ကျပ်(၃၅၀)ဖြစ်ပြီး တစ်နေ့လျှင် ပြောင်းဖူးအရေအတွက် (၄၀၀၀)ကျော်(၅၀၀၀)အထိအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ အစေးဖူးမှာ လူကြိုက်များပြီး အထွက်နှုန်းမှာ သကြားဖူးထက်နည်းပါးကြောင်း၊ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် တောင်ဘက်ရေလယ်ကျွန်းမှ သကြားဖူးများလှိုင်လှိုင်ဝင်ရောက်နေကြောင်း မြို့မစည်ပင်သာယာဈေးသည်များထံမှသိရှိရပါသည်။

DOCA(မကွေး)