ပခုက္ကူကုန်စည်ဒိုင်တွင် ဇန်နဝါရီလ(ပထမပတ်)၌ ပဲမျိုးစုံအရောင်းအဝယ်ဖြစ်နေ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူကုန်စည်ဒိုင်တွင် ပခုက္ကူဒေသမှစိုက်ပျိုးထွက်ရှိသော ပဲစဉ်းငုံနီ၊ ကုလားပဲ၊ မတ်ပဲ၊ ပဲယင်း၊ စွန်တာနီ၊ ပဲလွန်းပြာနှင့် အခြားပဲမျိုးစုံတို့အရောင်းအဝယ်ဖြစ်နေပါသည်။ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင်ဖြစ်ပေါ်ခဲ့သော ပဲဈေးနှုန်းများမှာ ပဲစဉ်းငုံနီတစ်တင်းလျှင် ကျပ် (၁၀၁၀၀၀-၁၀၂၀၀၀-၁၀၃၄၀၀) ကုလားပဲဝါလုံးကြီး (929) တစ်တင်းလျှင် ကျပ်(၉၂၀၀၀)၊ ကုလားပဲဖြူလုံး (V2/V6) တစ်တင်းလျှင် ကျပ်(၉၁၀၀၀/ ၉၂၀၀၀)၊ ပဲတီစိမ်း(သေး)မှာ အရည်အသွေးပေါ်မူတည်ပြီး တစ်တင်းလျှင် ကျပ်(၅၀၅၀၀)၊ ပဲဇီးကွက်တစ်တင်းလျှင် ကျပ်(၅၀၀၀၀)၊ ပြောင်းဖူးစေ့ (CP) တစ်တင်းလျှင် ကျပ်(၁၉၅၀၀)၊ မတ်ပဲတစ်တင်းလျှင် ကျပ်(၉၂၅၀၀)ဖြင့် ဥပုသ်နေ့မှလွဲ၍ နေ့စဉ် ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်နေပါသည်။

    ယခုအပတ်တွင်ဖြစ်‌ပေါ်နေ‌သော အရောင်းအဝယ်ဖြစ်မှုအိတ်ရေမှာ ပဲစဉ်းငုံနီ (၃၀၀) အိတ်၊ ကုလားပဲဝါလုံး ကြီး (929) (၁၅၀) အိတ်၊ ကုလားပဲဖြူလုံး (V2/V6) (၂၀၀)၊ ပဲတီစိမ်း(သေး)(၂၀၀)၊ ပဲဇီးကွက်(၁၅၀) အိတ်၊ ပြောင်းဖူးစေ့ (CP) (၁၀၀)အိတ်၊ မတ်ပဲ(၃၅၀)အိတ်တို့အရောင်းအဝယ်ဖြစ်နေပြီး တင်ပို့မှုအနေဖြင့် မြန်မာနိုင်ငံအောက်ပိုင်းနှင့် ပြည်ပနိုင်ငံများသို့ တင်ပို့နေကြောင်း ကုန်သည်များထံမှသိရှိရပါသည်။

DOCA(မကွေး)