ဆိပ်ဖြူကုန်စည်ဒိုင်၌ ဒီဇင်ဘာလ(စတုတ္ထပတ်) မိုးကြက်သွန်နီ (အသစ်)များ ဈေးနှုန်းမြင့်တက်ကာ အရောင်းအဝယ်ဖြစ်နေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကခရိုင်၊ ဆိပ်ဖြူမြို့နယ်၌ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(စတုတ္ထပတ်)တွင် ဆိပ်ဖြူဒေသစိုက်ခင်းများ၌ ကြက်သွန်နီ(အသစ်)များကို တူးဖော်ခြင်းမရှိသေးသော်လည်း စလင်းမြို့နယ်အတွင်းရှိကျေးရွာများမှ လာရောက်ရောင်းချ၍ ကုန်စည်ဒိုင်သို့ နေ့စဉ်ဝင်ရောက်လျက်ရှိပြီး တစ်ရက်လျှင် ကုန်ချိန်(၁)သောင်းခန့်၊ တစ်ပတ်အတွင်း စုစုပေါင်းကုန်ချိန်ပိဿာ (၁)သိန်းခွဲခန့်ဝင်ရောက်လျက်ရှိကြောင်း ဈေးကွက်မှသိရှိရသည်။

   ဆိပ်ဖြူကုန်စည်ဒိုင်၌ ကြက်သွန်နီဈေးကွက်အနေဖြင့် ဒီဇင်ဘာလ(စတုတ္ထပတ်)အတွင်း မိုးကြက်သွန်နီ (အသစ်)  ထိပ်စအမြင့်ဈေးတစ်ပိဿာလျှင် ကျပ်(၂၃၇၅မှ ၂၅၀၀)၊ အလတ်စတစ်ပိဿာလျှင် ကျပ်(၂၃၀၀မှ ၂၄၀၀)၊ အသေးစတစ်ပိဿာလျှင် ကျပ်(၁၅၀၀မှ ၂၀၀၀) ထိတို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခင်အပတ်၌ အမြင့်ဈေးတစ်ပိဿာလျှင် ကျပ်(၂၂၀၀) ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုအပတ်အတွင်း တစ်ပိဿာလျှင် ထိပ်စအမြင့်ဈေး ကျပ်(၃၀၀)၊ အလတ်စနှင့် အသေးစမှာ ကျပ်(၁၅၀)ခန့် ဈေးနှုန်းမြင့်တက်လာခဲ့ပြီး အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှသိရှိရပါသည်။

         ယခုဒီဇင်ဘာလ(စတုတ္ထပတ်)တွင် ဆိပ်ဖြူမြို့မှ ကြက်သွန်နီကို ရန်ကုန်ဘုရင့်နောင် (ကုန်စည်ဒိုင်) နှင့် မြဝတီမြို့သို့တင်ပို့လျက်ရှိပြီး  ကြက်သွန်နီကုန်ချိန်ပိဿာ (၁)သိန်းခွဲခန့်၊ တန်ချိန် (၂၄၅)ခန့် ဆိပ်ဖြူမြို့မှ ကုန်စည်စီးဆင်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)