ပခုက္ကူမြို့ပေါ်ရှိ ဇန်နဝါရီ(ပထမပတ်) စားသုံးဆီဈေးကွက်အခြေအနေ

Powered by Drupal

         မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်၌ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ(ပထမပတ်)တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော စားသုံးဆီဈေးနှုန်းများမှာ မြေပဲဆုံဆီတစ်ပိဿာလျှင် ကျပ် (၁၄၀၀၀)၊ စက်ပဲဆီသန့်  တစ်ပိဿာလျှင် ကျပ် (၁၁၀၀၀-၁၂၀၀၀)ဖြစ်ပြီး၊ ပဲရောဆီ တစ်ပိဿာလျှင် ကျပ် (၉၀၀၀)၊ နှမ်းဆီ တစ်ပိဿာလျှင် ကျပ်(၁၂၀၀၀)၊ စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် (၅၃၀၀)၊ နေကြာဆီ တစ်ပိဿာလျှင် ကျပ် (၁၂၀၀၀)ဈေးဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

      ယခင်၂၀၂၃ခုနှစ်၊ ဒီဇင်ဘာ(စတုတ္ထပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ရမည်ဆိုလျှင် ယခု ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ (ပထမပတ်)တွင် မြေပဲဆီဈေးနှုန်းမှာ ဈေးအနည်းငယ် မြင့်တက်လျက်ရှိကြောင်း၊ ကျန်စားသုံးဆီ ဈေးနှုန်းများမှာ တည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

       ပခုက္ကူမြို့ရှိ စားသုံးသူများသည် မြေပဲဆီကိုသာ အဓိကစားသုံးမှုများပြီး လုပ်ငန်းရှင်များမှလည်း မြေပဲဆံ၊ မြေပဲဆီများ ထုတ်လုပ်ရောင်းဝယ်ဖောက်ကားလျက်ရှိပြီး မြန်မာနိုင်ငံနေရာဒေသ အနှံ့အပြားသို့ မြေပဲဆီများ ထုတ်လုပ်တင်ပို့ ရောင်းချဖြန့်ဖြူးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)