စစ်ကိုင်းတိုင်းဒေသကြီးအတွင်းဖြစ်ပေါ်နေသော စပါး/ ဆန်ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၏ ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦးခရိုင်၊ ကသာခရိုင်(အင်းတော်မြို့နယ်)နှင့် မုံရွာခရိုင်များတွင် စပါး၊ ဆန်အသစ်များပေါ်လာပြီး ကျန်ခရိုင်များတွင် ဈေးအေးနေကြောင်းသိရှိရပါသည်။

    စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဇန်နဝါရီလ (ပထမပတ်)တွင်ဖြစ်ပေါ်နေသော စပါး/ ဆန်ဈေးနှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှ ရွှေဘိုပေါ်ဆန်း (စပါး)(သစ်)  တင်း၁၀၀လျှင် ကျပ်၃၃၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) (သစ်)၂၄ပြည်ပါ တစ်အိတ်လျှင် ၁၂၅၀၀၀ကျပ်၊ ပေါ်ဆန်း (ဆန်) (ဟောင်း)၂၄ပြည်ပါ တစ်အိတ်လျှင် ၁၆၀၀၀၀ကျပ်၊ ရွှေဘိုဧရာမင်း(စပါး)(သစ်)  တင်း၁၀၀လျှင် ကျပ်၂၃၀၀၀၀၀၊ ဧရာမင်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၁၅၀၀၀ကျပ်၊ ဧရာမင်း (ဆန်)(ဟောင်း) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၆၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

    ရေဦးခရိုင်၊ ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး)(သစ်)  တင်း၁၀၀လျှင် ကျပ်၃၃၀၀၀၀၀၊ ပေါ်ဆန်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၂၅၀၀၀ကျပ်၊ ပေါ်ဆန်း (ဆန်)(ဟောင်း)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၆၀၀၀၀၊ ရွှေဘိုဧရာမင်း(စပါး)(သစ်)  တင်း၁၀၀လျှင် ကျပ်၂၃၀၀၀၀၀၊ ဧရာမင်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၁၅၀၀၀ကျပ်၊ ဧရာမင်း (ဆန်)(ဟောင်း) ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၆၀၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

      ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) (သစ်) တင်း၁၀၀လျှင် ကျပ်၁,၉၀၀,၀၀၀၊ ဧည့်မထ (ဆန်) (သစ်)‌၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၆၈,၀၀၀၊ ဧည့်မထ(စပါး)(‌ဟောင်း) တင်း၁၀၀လျှင် ကျပ်၂,၈၅၀,၀၀၀၊ ဧည့်မထ (ဆန်) ‌၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၀၅,၀၀၀၊ ငစိန်(စပါး) တင်း၁၀၀လျှင် ကျပ်၂၈၀၀,၀၀၀၊ ငစိန် (ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၉၅,၀၀၀၊ ဧရာမင်း(စပါး)(သစ်) တင်း၁၀၀လျှင် ကျပ်၁,၉၀၀,၀၀၀၊ ဧရာမင်း(ဆန်)(သစ်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၀,၀၀၀၊ ဧရာမင်း(စပါး) (ဟောင်း) တင်း၁၀၀လျှင် ကျပ်၂,၉၀၀,၀၀၀၊ ဧရာမင်း(ဆန်)(‌ဟောင်း)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၁၅,၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

     ကသာခရိုင်၊ အင်းတော်မြို့နယ်မှ ဆင်းဧကရီ(၃)(စပါး) (သစ်) တင်း၁၀၀လျှင် ကျပ်၁,၄၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန် (သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၇၀,၀၀၀၊ ဆင်းဧကရီ(၃)(စပါး) (ဟောင်း) တင်း၁၀၀လျှင် ကျပ်၂,၀၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန် (ဟောင်း) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၉၅,၀၀၀ ဧရာမင်း (စပါး) သစ် တင်း၁၀၀လျှင် ကျပ်၂,၀၀၀,၀၀၀၊ ဧရာမင်း(ဆန်) ၂၄ပြည်ပါ ဆန်တစ်အိတ်လျှင် ကျပ်၉၀၀၀၀၊ ဧရာမင်း (စပါး) (ဟောင်း) တင်း၁၀၀လျှင် ကျပ်၂,၅၀၀,၀၀၀၊ ဧရာမင်း(ဆန်) (ဟောင်း)  ၂၄ပြည်ပါ ဆန်တစ်အိတ်လျှင် ကျပ်၁၂၀၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

    မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)(သစ်) တင်း၁၀၀လျှင် ကျပ်၃,၀၀၀,၀၀၀၊  ဧရာမင်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၃၀၀၀၀၊ ဧရာမင်း(စပါး)(ဟောင်း) တင်း၁၀၀လျှင် ကျပ်၃,၅၀၀,၀၀၀၊  ဧရာမင်း (ဆန်)(ဟောင်း) ၂၄ပြည်ပါ တစ်အိတ်မှာ ကျပ်၁၄၀၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

    ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင်  ဧရာမင်း(စပါး)(သစ်) တင်း၁၀၀လျှင် ကျပ်၁,၇၀၀,၀၀၀၊  ဧရာမင်း (ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၈၅၀၀၀၊ ပေါ်ဆန်း(စပါး)(သစ်) တင်း၁၀၀လျှင် ကျပ်၂၇၀၀၀၀၀ ပေါ်ဆန်း (ဆန်)၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ်၁၀၀၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

     စစ်ကိုင်းတိုင်းဒေသကြီးမှ ဒီဇင်ဘာလ (စတုတ္ထပတ်)တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၀၀၀၀၊ မန္တလေးသို့ အိတ်ရေ ၁၅၃၀၀၊ နေပြည်တော်သို့ အိတ်ရေ ၅၃၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၃၃၀၀၊ မွန်သို့ အိတ်ရေ ၈၃၈၀၊ ကချင်သို့ အိတ်‌ရေ ၃၉၆၆၊ ပခုက္ကူသို့ အိတ်ရေ ၄၀၀၊  စုစုပေါင်းအိတ်ရေ (၄၆၆၄၆) အိတ်၊ တန်အားဖြင့် (၂၃၃၂) တန်စီးထွက်ခဲ့ပြီး ယခု ဇန်နဝါရီလ (ပထမပတ်) တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့  ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၁၆၀၀၀၊ မန္တလေးသို့ အိတ်ရေ ၂၂၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၄၃၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၂၃၀၀၊ မွန်သို့ အိတ်ရေ ၃၅၀၀၊ ကချင်သို့ အိတ်‌ရေ ၃၀၀၊ ပခုက္ကူသို့ အိတ်ရေ ၆၀၀၊ စုစုပေါင်း အိတ်ရေ (၄၉၀၀၀) အိတ်၊ တန်အားဖြင့် (၂၄၅၀) တန်စီးထွက်ခဲ့သည့်အတွက်  ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် ယခုပတ်တွင် အိတ်ရေ (၂၃၅၄) အိတ်၊ တန်အားဖြင့် ( ၁၁၈ )တန်ပိုမို စီးထွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)