ကော်ဖီစေ့သီးနှံ ဈေးကွက်အခြေအနေ

Powered by Drupal

    ရှမ်းပြည်နယ်(တောင်ပိုင်း) မှ ထွက်ရှိသော ကော်ဖီသီးနှံများကို ၂၀၂၃ ဒီဇင်ဘာလမှစ၍ စတင်ဆွတ်ခူးနေကြပြီဖြစ်ပါသည်။ ကော်ဖီသီးနှံများကို များသောအားဖြင့် ဖေဖော်ဝါရီလတွင် စတင်စိုက်ပျိုးထောင်ကြပြီး ဇွန်လ နှင့် ဇူလိုင်လများတွင် စိုက်ပျိုးကြပါသည်။ ရှမ်းပြည်နယ်(တောင်ပိုင်း) တွင်  ကော်ဖီသီးနှံများကို ကလော၊ ရွာငံ၊ ပင်းတယ၊ ပင်လောင်း၊ ဟိုပုံးတို့တွင် အများဆုံး စိုက်ပျိုးကြပါသည်။ ဟိုပုံးနှင့် ရွာငံဒေသတို့တွင် ယခုနှစ် ဒီဇင်ဘာလမှစ၍ ကော်ဖီအစိုစေ့များ စတင်ထွက်ပေါ်နေပြီဖြစ်ပြီး လက်ရှိပေါက်ဈေးအနေဖြင့် ဟိုပုံးမှ ထွက်ရှိသော ကော်ဖီအစိုစေ့ တစ်ပိဿာလျှင် (၃၄၀ဝိ/- မှ ၃၆၀ဝိ/-)ကျပ် ၊ ရွာငံဒေသမှ ထွက်ရှိသော ရိုးရိုးကော်ဖီ အစိုသီးမှာ တစ်ပိဿာလျှင် (၃၆၀ဝိ/-) ကျပ် ဖြစ်၍ အထူးတန်းသီးမှာ တစ်ပိဿာလျှင် (၄၀၀ဝိ/-) ကျပ်ဖြစ်ပြီး ကော်ဖီအရည်အသွေးပေါ် မူတည်၍ ဈေးနှုန်းကွဲပြားမှုအနည်းငယ်လျက်ရှိကြောင်း သိရှိရပါသည်။ ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် အထွက်အများဆုံးကော်ဖီမှာ အာရေးဗီးကား (Ariba) ကော်ဖီဖြစ်ပြီး လက်ရှိတွင် ဒေသတွင်းတွင်သာ အရောင်းအဝယ်ရှိပြီး အခြားပြည်တွင်း၊ ပြည်ပ ဈေးကွက်များသို့ တင်ပို့ရောင်းချခြင်းမရှိသေးကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)