ဇန်နဝါရီလ ပထမပတ်တွင် ဈေးနှုန်းအနည်းငယ်မြင့်တက်လာသည့် ရွှေဘိုနှမ်း

Powered by Drupal

 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများနှင့် အရောင်းအဝယ်ဖြစ်မှု တင်း/တန်စာရင်းတို့ကို အပတ်စဉ်၊ လစဉ်တင်ပြလျက်ရာ ဇန်နဝါရီလ၊ ပထမပတ်အတွင်း အရောင်းအဝယ်ဖြစ်သည့်သီးနှံနှင့် ဈေးနှုန်းအခြေအနေများနှင့်စပ်လျဉ်း၍ ရွှေဘိုမြို့၊ ပဲ၊ နှမ်းကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများနှင့်ဆက်သွယ်မေးမြန်းခဲ့ပါသည်။ နှမ်းဖြူ၊ နှမ်းနက်များမှာ နိုဝင်ဘာလ၊ တတိယပတ်မှစတင်၍ ရွှေဘိုဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့ပြီး ဇန်နဝါရီလ၊ ပထမပတ်ထိဝင်ရောက်လျက်ရှိကြောင်း၊ ယခုအပတ်တွင် အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းများမှာ နှမ်းဖြူတစ်တင်းလျှင် (၁၀၆၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၂၇၀၀)တင်း/(၆၆)တန်ဖြစ်ကြောင်း၊ နှမ်းနက်တစ်တင်းလျှင် (၁၁၃၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုမှာ (၃၆၀၀)တင်း/(၈၈)တန်ဖြစ်ကြောင်း၊ ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့်ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ နှမ်းဖြူတစ်တင်းလျှင် (၁၀၂၅၀ဝိ/-)ကျပ်နှင့် နှမ်းနက်တစ်တင်းလျှင် (၁၁၀၀၀ဝိ/-)ကျပ်ပေါက်ဈေးရှိခဲ့သဖြင့် ယခုအပတ်တွင် ယခင်အပတ်ထက် နှမ်းဖြူတစ်တင်းလျှင် (၃၅၀ဝိ/-)ကျပ်နှင့် နှမ်းနက်တစ်တင်းလျှင် (၃၀၀ဝိ/-) ကျပ် ဈေးပိုခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)