ရွှေတောင်မြို့နယ်၊ သရက်တောရပ်ကွက်ရှိ စာသင်ကျောင်းတွင် စားသုံးသူအသိပညာပေးဆွေးနွေးဟောပြောခြင်းဆောင်ရွက်

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ သရက်တောရပ်ကွက် (အ-ထ-က) သရက်တောကျောင်းတွင် (၅-၁-၂၀၂၄)ရက်နေ့၊ နံနက်(၉:၀၀)နာရီအချိန်မှ (၁၁:၁၅)နာရီအချိန်ထိ ကျောင်းသား/ ကျေင်းသူ (၁၈၀)ဦးတို့အား စားသုံးသူအသိပညာပေးရေးကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးဟောပြောခဲ့ပါသည်။

    အဆိုပါဆွေးနွေးဟောပြောပွဲသို့ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများနှင့်အတူ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီး ဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်းတက်ရောက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် အသိပညာများကို ဟောပြောဆွေးနွေးခဲ့ပါသည်။ အသိပညာပေးဆွေးနွေးရာတွင် ရွှေတောင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဒု-ဦးစီးမှူး ဒေါ်ဇင်မာချောစုကြည်က ကုန်အညွှန်းအမှတ်အသား (၈)ချက်ကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါငြိမ်းငြိမ်းသန့်က လွတ်လပ်ရေးနေ့အကြောင်းကိုလည်းကောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဒေါ်နီလာမြင့်က စားဖိုဆောင်အတွင်းမှ တိုင်းရင်းဆေးများအတွက် အသုံးဝင်သောပစ္စည်းများအကြောင်းကိုလည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ခင်နုနုဖြိုးက နွေရာသီအားကစားသင်တန်းများဖွင့်လှစ်မည့်အကြောင်းကိုလည်းကောင်းနှင့် လူမှုဝန်ထမ်းမှ ဒေါ်ခင်နှင်းနှင်းယုက သက်ငယ်မုဒိန်းအကြောင်းကိုလည်းကောင် စသည်ဖြင့် အသီးသီးဟောပြောဆွေးနွေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)