အုတ်ဖိုမြို့နယ်ရှိ လုပ်ငန်းရှင်များနှင့်တွေဆုံဆွေးနွေးခြင်း

Powered by Drupal

   ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ ဦးသန်းစိုးနှင့် ဦးစီးမှူး ဒေါ်ခိုင်ခိုင်ရီတို့သည် (၂-၁-၂၀၂၄) ရက်နေ့၊ နေ့လယ် (၂း၀၀) နာရီအချိန်တွင် အုတ်ဖိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးတွင် အုတ်ဖိုမြို့နယ်ရှိ ဆန်စက်လုပ်ငန်းရှင်များ၊ ဆီကုန်သည်ကြီးများနှင့် တွေဆုံဆွေးနွေးခဲ့ပါသည်။

   ထို့သို့တွေ့ဆုံဆွေးနွေးရာတွင် ဆန်စပါးဈေးကွက်တည်ငြိမ်ရန်စေရေးနှင့် ကုန်ထုတ်စွမ်းအားများတိုးမြှင့်လာစေရေးတို့အတွက် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ခေတ်မီစက်ယူနစ်များ တပ်ဆင်ထားရှိမှု၊ ကုန်ကြမ်းရရှိမှုနှင့် ကုန်ချောဖြန့်ဖြူးမှုအခြေအနေများကိုဆွေးနွေးခဲ့ကြပါသည်။

    ဆီကုန်သည်ကြီးများမှာလည်း အုတ်ဖိုမြို့နယ်၏ စားအုန်းဆီရရှိမှု၊ ဖြန့်ဖြူးရရှိမှုအခြေအနေများနှင့် မြို့နယ်အတွင်း အရန်ဆီထားရှိဖြန့်ဖြူးနေမှုအခြေအနေများကို တင်ပြဆွေးနွေးခဲ့ပါသည်။ ၎င်းနောက် စိန်ငါးလုံးဆန်စက်တွင် Gasifier တပ်ဆင်၍ စက်လည်ပတ်မှုနှင့် ရေဆိုးစွန့်ပစ်မှုအခြေအနေကိုလည်းကောင်း၊ ဦးဝင်းထွဋ်၏ဆန်စက်တွင် Gasifier တပ်ဆင်ရန် ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း ကြည့်ရှု့စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)