သကြားနှင့်သကာရည်ဈေးကွက်

Powered by Drupal

    မန္တလေးမြို့တွင်း ဇန်နဝါရီလဆန်းမှစ၍ ပွက်သားအသစ်များ လှိုင်လှိုင်ဝင်ရောက်လျက်ရှိရာ  မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နှင့် ပြင်ဦးလွင်မြို့နယ်များမှထွက်ရှိသော ကြံများကို ဝေမာသကြားစက် နှင့် ငွေရည်ပုလဲသကြားစက်တို့မှ ဝယ်ယူကြောင်းသိရှိရပါသည်။ယခုနှစ်ကြံတစ်တန်လျှင် ၁၂၀၀၀၀ကျပ်မှ ၁၃၀၀၀၀ကျပ်ဈေးဖြင့် ဝယ်ယူပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွှေဒါး၊ငအိုး၊ရွှေကူ၊တကောင်း၊  ကြာညှပ်၊ တွင်းငယ်ကျေးရွာတို့မှ ထွက်ရှိသည့်ကြံများကို ယခင်ကဂရိတ်ဝေါသကြားစက်သို့ တင်ပို့ရောင်းချသော်လည်း ယခုနှစ်တွင်မူ ကြံသယ်ယူရာတွင် လမ်းခရီးများခက်ခဲခြင်း၊စက်ရုံယာယီပိတ်ထားခြင်းကြောင့်  ထိုဒေသထွက်ရှိသည့်ကြံများကို ကြံစိုက်တောင်သူကိုယ်တိုင် ကြံကိုပွက်သားချက်၍ မန္တလေးမြို့ပေါ်ရှိ သကာရည်ပွဲရုံများသို့ တင်ပို့ရောင်းချကြပါသည်။ကြံထွက်ရာသီဖြစ်သောကြောင့် သကြားအသစ်နှင့် ခါသကြား၊ခါရည်အသစ်များ မထွက်ရှိဘဲ လက်ကျန်သကြားများသာ ရောင်းဝယ်လျက်ရှိပါသည်။မန္တလေးမြို့မှ ယခင်ကတရုတ်နိုင်ငံသို့ သကြားများ တင်ပို့မှုရှိသော်လည်း ယခုနှစ်တွင်မူ သွားလာရန်ခက်ခဲမှုများကြောင့်   သကြားတင်ပို့မှုအနည်းငယ်လျော့ကျမှုများရှိပြီး ပြည်တွင်းစားသုံးမှုအနေဖြင့် မုန့်မျိုးစုံလုပ်ငန်း၊နို့ချက် လုပ်ငန်း၊ အချိုရည်အမျိုးမျိုးလုပ်ငန်း၊အဖျော်ယမကာအမျိုးမျိုးလုပ်ငန်းတို့တွင် သကြားကို အများဆုံးအသုံးပြုကြပါသည်။

  ပွက်သားဈေးနှုန်းအနေဖြင့် ယခင်နှစ် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ဒုတိယအပတ်တွင် ၂၆၀၀ကျပ်သာ ရှိသော်လည်း ယခုနှစ် ၂၀၂၄ခုနှစ် ၊ ဇန်နဝါရီလ ဒုတိယပတ်တွင်  သကြားဈေးမှ၃၈၅၀အထိ မြင့်တက်လာရခြင်းမှာ သကြားလက်ကျန် နည်းပါးခြင်း သကြားအသစ်ထုတ်လုပ်မှုမရှိသေးခြင်း၊ သယ်ယူစရိတ် ကြီးမားခြင်း တို့ကြောင့် သကြားဈေးမှာ ယခင်နှစ်ထက်  မြင့်မားလာရခြင်း ဖြစ်ပါသည်။ ယခုနှစ် ၂၀၂၄ခုနှစ် ၊ထွက်ရှိမည့် သကြားသစ်များကို ဗီယက်နမ်နိုင်ငံသို့ ငွေရည်ပုလဲကုမ္မဏီနှင့် သန္တာဦးကုမ္မဏီနှစ်ခုတို့သာ သကြားတင်ပို့ခွင့်ရရှိထားပြီး သကြားတန်ချိန် တစ်သိန်းကျော်တင်ပို့ခွင့်ရရှိကြောင်း မြန်မာနိုင်ငံသကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရှိရပါသည်။ (၅)နှစ်တာ ကာလအတွင်း ပွက်သားအသစ်ဈေးနှုန်းများမှာ -

အမျိုးအမည်

၂၀၂၀

၂၀၂၁

၂၀၂၂

၂၀၂၃

၂၀၂၄

နိမ့်

မြင့်

နိမ့်

မြင့်

နိမ့်

မြင့်

နိမ့်

မြင့်

နိမ့်

မြင့်

ပွက်သား

၅၇၀

၆၀၀

၇၃၀

၇၄၀

၁၃၅၀

၁၃၆၀

၁၈၀၀

၁၈၅၀

-

၂၆၀၀

ပေါင်းသကြား

၈၆၀

၈၈၀

၉၀၀

၉၂၀

၁၈၅၀

၁၉၀၀

၂၅၅၀

၂၆၀၀

၃၈၀၀

၃၈၅၀

ခါသကြား

၇၃၀

၇၅၀

-

၈၀၀

၁၅၂၅

၁၅၇၀

၂၁၅၀

၂၂၀၀

-

-

ခါရည်

၃၅၀

၃၈၀

-

၆၅၀

၁၁၅၀

၁၁၇၀

-

၁၇၀၀

-

-

ပေါင်းရည်

၂၆၀

၂၈၀

-

၄၅၀

၅၀၀

၉၅၀

၆၈၀

၁၁၅၀

၈၀၀

၁၄၀၀

 မှတ်ချက်။၂၀၂၄ တွင်-  ခါသကြားနှင့်ခါရည်ဈေးနှုန်းမထည့်သွင်းထားခြင်းမှာ သကြားအသစ်ထွက်ရှိမှု မရှိသေးခြင်းကြောင့် ဖြစ်ပါသည်။

            မန္တလေးတိုင်းဒေသကြီးတွင် ကြံသီးနှံ တိုးချဲ့စိုက်ပျိုးရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှလည်း ကြံတောင်သူများအား မျိုးကောင်းမျိုးသန်းများနှင့် နည်းပညာများ ဖြန့်ဝေပေးခဲ့ခြင်းများ ဆောင်ရွက်လျက်ရှိပြီး သကြားဈေးကွက်ပိုမိုဖွံ့ဖြိုးလာစေရေး အစိုးရ၊ ပုဂ္ဂလိကဘက်မှလည်း ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သင့်ပါကြောင်း အကြံပြုရေးသားလိုက်ရပါသည်။

DOCA(မန္တလေး)