မန္တလေးမြို့တွင်း ဇန်နဝါရီလဆန်းမှစ၍ ပွက်သားအသစ်များ လှိုင်လှိုင်ဝင်ရောက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နှင့် ပြင်ဦးလွင်မြို့နယ်များမှထွက်ရှိသော ကြံများကို ဝေမာသကြားစက် နှင့် ငွေရည်ပုလဲသကြားစက်တို့မှ ဝယ်ယူကြောင်းသိရှိရပါသည်။ယခုနှစ်ကြံတစ်တန်လျှင် ၁၂၀၀၀၀ကျပ်မှ ၁၃၀၀၀၀ကျပ်ဈေးဖြင့် ဝယ်ယူပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွှေဒါး၊ငအိုး၊ရွှေကူ၊တကောင်း၊ ကြာညှပ်၊ တွင်းငယ်ကျေးရွာတို့မှ ထွက်ရှိသည့်ကြံများကို ယခင်ကဂရိတ်ဝေါသကြားစက်သို့ တင်ပို့ရောင်းချသော်လည်း ယခုနှစ်တွင်မူ ကြံသယ်ယူရာတွင် လမ်းခရီးများခက်ခဲခြင်း၊စက်ရုံယာယီပိတ်ထားခြင်းကြောင့် ထိုဒေသထွက်ရှိသည့်ကြံများကို ကြံစိုက်တောင်သူကိုယ်တိုင် ကြံကိုပွက်သားချက်၍ မန္တလေးမြို့ပေါ်ရှိ သကာရည်ပွဲရုံများသို့ တင်ပို့ရောင်းချကြပါသည်။ကြံထွက်ရာသီဖြစ်သောကြောင့် သကြားအသစ်နှင့် ခါသကြား၊ခါရည်အသစ်များ မထွက်ရှိဘဲ လက်ကျန်သကြားများသာ ရောင်းဝယ်လျက်ရှိပါသည်။မန္တလေးမြို့မှ ယခင်ကတရုတ်နိုင်ငံသို့ သကြားများ တင်ပို့မှုရှိသော်လည်း ယခုနှစ်တွင်မူ သွားလာရန်ခက်ခဲမှုများကြောင့် သကြားတင်ပို့မှုအနည်းငယ်လျော့ကျမှုများရှိပြီး ပြည်တွင်းစားသုံးမှုအနေဖြင့် မုန့်မျိုးစုံလုပ်ငန်း၊နို့ချက် လုပ်ငန်း၊ အချိုရည်အမျိုးမျိုးလုပ်ငန်း၊အဖျော်ယမကာအမျိုးမျိုးလုပ်ငန်းတို့တွင် သကြားကို အများဆုံးအသုံးပြုကြပါသည်။
ပွက်သားဈေးနှုန်းအနေဖြင့် ယခင်နှစ် ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ဒုတိယအပတ်တွင် ၂၆၀၀ကျပ်သာ ရှိသော်လည်း ယခုနှစ် ၂၀၂၄ခုနှစ် ၊ ဇန်နဝါရီလ ဒုတိယပတ်တွင် သကြားဈေးမှ၃၈၅၀အထိ မြင့်တက်လာရခြင်းမှာ သကြားလက်ကျန် နည်းပါးခြင်း သကြားအသစ်ထုတ်လုပ်မှုမရှိသေးခြင်း၊ သယ်ယူစရိတ် ကြီးမားခြင်း တို့ကြောင့် သကြားဈေးမှာ ယခင်နှစ်ထက် မြင့်မားလာရခြင်း ဖြစ်ပါသည်။ ယခုနှစ် ၂၀၂၄ခုနှစ် ၊ထွက်ရှိမည့် သကြားသစ်များကို ဗီယက်နမ်နိုင်ငံသို့ ငွေရည်ပုလဲကုမ္မဏီနှင့် သန္တာဦးကုမ္မဏီနှစ်ခုတို့သာ သကြားတင်ပို့ခွင့်ရရှိထားပြီး သကြားတန်ချိန် တစ်သိန်းကျော်တင်ပို့ခွင့်ရရှိကြောင်း မြန်မာနိုင်ငံသကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရှိရပါသည်။ (၅)နှစ်တာ ကာလအတွင်း ပွက်သားအသစ်ဈေးနှုန်းများမှာ -
အမျိုးအမည် |
၂၀၂၀ |
၂၀၂၁ |
၂၀၂၂ |
၂၀၂၃ |
၂၀၂၄ |
|||||
နိမ့် |
မြင့် |
နိမ့် |
မြင့် |
နိမ့် |
မြင့် |
နိမ့် |
မြင့် |
နိမ့် |
မြင့် |
|
ပွက်သား |
၅၇၀ |
၆၀၀ |
၇၃၀ |
၇၄၀ |
၁၃၅၀ |
၁၃၆၀ |
၁၈၀၀ |
၁၈၅၀ |
- |
၂၆၀၀ |
ပေါင်းသကြား |
၈၆၀ |
၈၈၀ |
၉၀၀ |
၉၂၀ |
၁၈၅၀ |
၁၉၀၀ |
၂၅၅၀ |
၂၆၀၀ |
၃၈၀၀ |
၃၈၅၀ |
ခါသကြား |
၇၃၀ |
၇၅၀ |
- |
၈၀၀ |
၁၅၂၅ |
၁၅၇၀ |
၂၁၅၀ |
၂၂၀၀ |
- |
- |
ခါရည် |
၃၅၀ |
၃၈၀ |
- |
၆၅၀ |
၁၁၅၀ |
၁၁၇၀ |
- |
၁၇၀၀ |
- |
- |
ပေါင်းရည် |
၂၆၀ |
၂၈၀ |
- |
၄၅၀ |
၅၀၀ |
၉၅၀ |
၆၈၀ |
၁၁၅၀ |
၈၀၀ |
၁၄၀၀ |
မှတ်ချက်။၂၀၂၄ တွင်- ခါသကြားနှင့်ခါရည်ဈေးနှုန်းမထည့်သွင်းထားခြင်းမှာ သကြားအသစ်ထွက်ရှိမှု မရှိသေးခြင်းကြောင့် ဖြစ်ပါသည်။
မန္တလေးတိုင်းဒေသကြီးတွင် ကြံသီးနှံ တိုးချဲ့စိုက်ပျိုးရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှလည်း ကြံတောင်သူများအား မျိုးကောင်းမျိုးသန်းများနှင့် နည်းပညာများ ဖြန့်ဝေပေးခဲ့ခြင်းများ ဆောင်ရွက်လျက်ရှိပြီး သကြားဈေးကွက်ပိုမိုဖွံ့ဖြိုးလာစေရေး အစိုးရ၊ ပုဂ္ဂလိကဘက်မှလည်း ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သင့်ပါကြောင်း အကြံပြုရေးသားလိုက်ရပါသည်။
DOCA(မန္တလေး)