
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူကြက်သွန်နီ ဈေးကွက်၌ ပြည်တွင်းစားသုံးမှုအပြင် ပြည်ပဝယ်လိုအားဈေးကွက် ကောင်း၍ဈေးအမြင့်ဖြင့် ဆက်လက်အရောင်းအဝယ်ဖြစ်ကြောင်း၊ ၂၀၂၆ခုနှစ်၊ ဩဂုတ်လ(တတိယပတ် )အနှောင်း ပိုင်းတွင် ကြက်သွန်နီ တောဈေး(ဂျွန်)တစ်ပိဿာလျှင် ကျပ်(၄၀၀၀)မှ(၅၅၀၀)ထိရှိပြီး လက်လီ ဈေးအနေဖြင့် ကြက်သွန်နီအလုံးအကြီးအသေး အရွယ်အစား မူတည်၍ တစ်ပိဿာလျှင် ကျပ်(၅၀၀၀)မှ(၇၅၀၀)ထိရှိကြောင်း ဒေသတွင်း လက်လီလက္ကား ရောင်းဝယ် သူများထံမှ သိရှိရသည်။ ဆိပ်ဖြူကြက်သွန်နီ ပွဲရုံဈေးကွက်သို့ ဩဂုတ်လ(၁၅) ရက်မှ (၂၁)ရက်အတွင်း တစ်ရက်လျှင် ကြက်သွန်နီကုန်ချိန်ပိဿာ(၃၅၀၀၀/၄၀၀၀၀)ခန့်အထိ ဝင်ရောက် ကြောင်း၊ ယခုနှစ်တွင် ဒေသတွင်း ကြက်သွန်နီစိုက်ပျိုးမှု နည်း၍ဈေးကွက်သို့ ကုန်ဝင်ရောက်မှု နည်းကြောင်း၊ ဈေးနှုန်း အနေဖြင့် ဩဂုတ်လ (ပထမပတ်)တွင်ကျပ်(၄၀၀၀)မှ(၅၅၅၀)၊ ဩဂုတ်လ (ဒုတိယပတ်)တွင် ကျပ်(၃၇၀၀)မှ(၅၄၅၀)၊ ဩဂုတ်လ (တတိယပတ်)တွင် ကျပ်(၄၀၀၀)မှ(၅၅၀၀) ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ပြည်ပဝယ်လိုအားကောင်း၍ အမြင့်ဈေးဖြင့် အရောင်းအဝယ် ဖြစ်ကြောင်းသိရှိရသည်။
ကာလတူဈေးနှုန်းနှိုင်းယှဉ်ပါက ယခင်ဇူလိုင်လ (တတိယပတ်)တွင် ကြက်သွန်နီ တစ်ပိဿာလျှင် အမြင့်ဈေးကျပ်(၄၅၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုဩဂုတ်လ(တတိယ ပတ်)တွင် အမြင့်ဈေး ကျပ်(၅၅၀၀)ဖြင့် အရောင်းအဝယ်ဖြစ်၍ ယခင်လထက် ကြက်သွန်နီ တစ်ပိ ဿာလျှင် ကျပ်(၁၀၀၀)ခန့် ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ဘဏ္ဍာနှစ်အလိုက် ဈေးနှုန်းနှိုင်း ယှဉ်ပါက ၂၀၂၅ ခုနှစ် ဩဂုတ်လ(တတိယပတ်)တွင် ကြက်သွန်နီတောဈေး(ဂျွန်) တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၁၀၀၀)ပေါက်ဈေးရှိခဲ့ပြီး ယခု ၂၀၂၆ ခုနှစ် ဩဂုတ်လ(တတိယပတ်)တွင် ကြက်သွန်နီ တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၅၅၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်၍ ယခင်နှစ် ထက် ကျပ်(၄၅၀၀)ခန့်ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခုနှစ်ကြက်သွန်နီ စိုက်ပျိုး ထုတ်လုပ်သူ၊ ရောင်းဝယ်ဖောက်ကားသူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။ကုန်စည်စီးဆင်းမှုအနေဖြင့် ဆိပ်ဖြူဒေသထွက် ကြက်သွန်နီကို ပြည်တွင်းဒေသအနှံ့ အပြားသို့ တင်ပို့ပြီး အဓိကဈေးကွက်အနေဖြင့် ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ တင်ပို့ပြီး ပြည်ပဈေးကွက် အနေဖြင့် မြဝတီမြို့ဝယ်လက်များမှတစ်ဆင့် ထိုင်း၊ ဗီယက်နမ်၊ နိုင်ငံများသို့ တင်ပို့ကြောင်း ဈေးကွက်၌ သိရှိရပါသည်။
DOCA(မကွေး)
