မုံရွာမြို့နယ် ကွမ်းဈေးနှုန်း ဆက်လက်မြင့်တက်လျက်ရှိ

Powered by Drupal

  စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တစ်ပိုင်အနေဖြင့် လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ နှစ်မျိုး ခွဲ၍ စိုက်ပျိုးကြရာ မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အနည်းငယ်သာ စိုက်ပျိုးကြပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း သိရသည်။

   မုံရွာမြို့နယ်၌ ကွမ်းဈေးနှုန်းမှာ နိုဝင်ဘာလတွင် ကွမ်းတစ်ပိဿာလျှင် ငွေကျပ် (၈၀၀၀- ၁၀၀၀၀)အထိ ဈေးနှုန်းရရှိပြီး ဇန်နဝါရီလ(ဒုတိယပတ်)တွင် အရည်အသွေးအပေါ် မူတည်၍ ကွမ်း တစ်ပိဿာလျှင် ငွေကျပ် ၁၁၀၀၀-၁၂၀၀၀ နှုန်းဖြင့်ရောင်းချရကြောင်း၊ ဆောင်းရာသီတွင် ကွမ်း အထွက်နှုန်းလျော့ပြီး ဈေးကွက်အတွင်း ကုန်ဝင်ရောက်မှုနည်းကာ  ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း ကွမ်းစိုက်တောင်သူများ တောင်သူများထံမှ သိရသည်။ 

DOCA(စစ်ကိုင်း)