ကြံစိုက်ပျိုးမှုနှင့် သကြားထုတ်လုပ်မှုလုပ်ငန်း

Powered by Drupal

   တိုက်ကြီးမြို့နယ်တွင် ဥက္ကံသကြားစက် တည်ရှိသောကြောင့် ကြံစိုက်ပျိုးသူ တောင်သူကြီးများ အဆင်ပြေပြေဖြင့် သကြားစက်သို့ ရောင်းချနိုင်ခဲ့ပြီး ကြံစိုက်ပျိုးမှုမှာ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် စိုက်ဧကပေါင်း (၃၃၈၁.၅၀)စိုက်ပျိုးပြီး ခုတ်သိမ်းဧရိယာမှာ (၃၃၈၁.၅၀) ခုတ်သိမ်းခဲ့ပါသည်။ ကြံအထွက်နှုန်းမှာ (၁၁.၇၂)ရာခိုင်နှုန်းထွက်၍ ကြံတန် (၃၉၂၄၇)တန်ထွက်ရှိပါသည်။ မျိုးသုံး/ အလေအလွင့်မှာ (၁၂၀၂၆.၄၃)တန်ဖြစ်ပြီး သကြားစက်သို့ (၂၇၂၂၀.၅၆)တန် ပေးသွင်းခဲ့ပါသည်။ ယခုနှစ် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ဧက(၃၅၄၀)စိုက်ပျိုးပြီး ဒီဇင်ဘာလတွင် (၂၈၉) ဧရိယာခုတ်သိမ်းပြီးစီးခဲ့၍ အထွက်တန်မှာ (၁၀.၅၂)ရာခိုင်နှုန်းရှိပြီး (၃၀၄၀)တန်ထွက်၍ အလေအလွင့်မှာ (၇၃၃.၂၃) တန်ဖြစ်ပြီး သကြားစက်သို့ ပေးသွင်းမှုတန်မှာ (၂၃၀၆.၇၇) ဖြစ်ပါ သည်။ ၂၀၂၃-၂၀၂၄ ကြံရာသီ ဥက္ကံသကြားစက်ရုံ၏ ကြိတ်ဝါးထုတ်လုပ်မှုမှာ (၂၂.၁၂.၂၀၂၃) ရက်နေ့တွင် သကြားစက်စတင်လည်ပတ်ခဲ့ပြီး (၃၁.၁၂.၂၀၂၃)နေ့ ဝယ်ယူရရှိတန် (၁၀၉၉၈.၆၂၅) တန် ဝယ်ယူရရှိပြီး (၁၀၉၉၈.၆၂၅)တန်အား ကြိတ်ဝါးခဲ့ရာ သကြားအထွက်တန် (၈၀၁.၂၅)တန် ထွက်ရှိခဲ့ပါသည်။ အထွက်ရာခိုင်နှုန်း (၇.၂၉) ထွက်ရှိ၍ တင်လဲအထွက်တန် (၂၁၄)တန် ထွက်ရှိခဲ့ရာ ရာခိုင်နှုန်း(၁.၉၅)ထွက်ရှိခဲ့ပါသည်။ ဥက္ကံသကြားစက်မှ ၂၄.၁.၂၀၂၄ ရက်နေ့တွင် ကြံများဝယ်ယူပြီး သကြားများကြိတ်ခွဲသွားမည်ဖြစ်ပါကြောင်းနှင့် ကြံစိုက်တောင်သူများလည်း ကြံသီးနှံစိုက်ပျိုးမှုကြောင့် ကြံမှသကြားအဆင့်ဆင့် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း လေ့လာတင်ပြအပ်ပါသည်။

DOCA(ရန်ကုန်)