အခြေခံကျောင်းများရှိ ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ ဓနုဖြူမြို့နယ်တာဝန်ခံရုံးမှ တာဝန်ရှိသူတို့သည် ဓနုဖြူမြို့နယ်၊  (၇) ရပ်ကွက်၊ အမှတ်(၁၂) (..က) ကျောင်း၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မူးယစ်အဖွဲ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာတို့နှင့်အတူ (၉-၁-၂၀၂၄)ရက်နေ့၊ နံနက်( ၁၀:၀၀ )နာရီအချိန်တွင် ကျောင်းသား/ ကျောင်းသူ၊ ဆရာ/ ဆရာမ (၁၂၈)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာများဟောပြောဆွေးနွေးခဲ့ပါသည်။

 အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူသည် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာသိကောင်းစရာများ ကို အသိညာပေးဟောပြောဆွေးနွေးခဲ့ပြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်  စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူအနေဖြင့် စားသုံးအခွင့်အရေး ()ချက်နှင့် မြန်မာစာကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိသော ကုန်စည်များကို နမူနာပုံစံပြသကာ ထိုကဲ့သို့သော ကုန်စည်နှင့်စားသောက်ကုန်များကို အဓိကထားအသုံးပြုစားသောက်သင့်ကြောင်း ဆရာ/ဆရာမ ()ဦး၊ ကျောင်းသား (၁၂၀)ဦး၊ စုစုပေါင်း (၁၂၈)ဦးအား အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)