စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်၊ ကန့်ဘလူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုတို့ဖြင့် ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်သည် စားသုံးသူပြည်သူများအား စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်ရန်၊ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ကျန်းမာရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် (၁၀-၁-၂၀၂၄)ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် ကျွန်းလှမြို့နယ်၊ ကျီကုန်းကျေးရွာရှိ (အ.လ.က)ခွဲ ကျီကုန်းကျောင်း၌ စားသုံးသူအကာအကွယ်ရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး (ကိုယ်စား) တာဝန်ခံ ဒေါ်ယုယုစိုးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီးနောက် မြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင်က စားသုံးသူအခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ စားသုံးသူရေးရာဦးစီးဌာနပေါ်ပေါက်လာပုံအဆင့်ဆင့်အကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ (၁၅)ရက်နေ့၌ပြဋ္ဌာန်းခဲ့ပြီး အခန်းပေါင်း (၂၅)ခန်း၊ ပုဒ်မပေါင်း (၈၄)ခုပါဝင်ပြဋ္ဌာန်းထားကြောင်း၊ စားသုံးသူအခွင့်အရေး(၈)ချက်၊ စားသုံးသူများလိုက်နာဆောင်ရွက်ရမည့် တာဝန်(၄)ချက်၊ စားသုံးသူအကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်အချက်များကို ပြည့်စုံစွာထည့်သွင်းဖော်ပြ၍ ထုတ်လုပ်ဖြန့်ဖြူးသည့် ကုန်ပစ္စည်းများကိုသာ ဝယ်ယူစားသောက်အသုံးပြုတတ်ရန်နှင့် စားသုံးသူနစ်နာဆုံးရှုံးမှုရှိလျှင် မိမိတို့စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံး စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) တွင်လည်းကောင်း၊ Facebook Page ဖြစ်သည့် DOCA Myanmar Page တွင်လည်းကောင်း၊ မိမိတို့ဌာန၏ Website ဖြစ်သော www. doca. gov. mm တွင်လည်းကောင်း၊ MPT ; Mytel ; Telenor ; Oredoo ; SIM Card User များအားလုံးဖြင့် Consumer Call Center No. (1535) တို့တွင် ပြေစာအထောက်အထားအပြည့်အစုံဖြည့်စွက်တိုင်ကြားနိုင်ကြောင်းနှင့် သိလိုသည်များကို စုံစမ်းမေးမြန်းနိုင်သည့်အကြောင်းများ၊ ကျောင်းသား/သူများကို ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသည့် ကုန်ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူစားသောက်အသုံးပြုတတ်ရန် တာဝန်ခံကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမ(၁၅)ဦး၊ ကျောင်းသား/ ကျောင်းသူ(၂၆၂)ဦး၊ စုစုပေါင်း (၂၇၇)ဦးတို့အား အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီးနောက် (၂/၂၀၁၉) ညွန်ကြားချက်ပါ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
DOCA(စစ်ကိုင်း)