မကွေးမြို့နယ်အတွင်းရှိ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးစျေးနှုန်းအခြေအနေ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်အတွင်း သီးနှံစိုက်ပျိုးထုတ်လုပ်သည့်တောင်သူများ သွင်းအားစုအဖြစ်သုံးစွဲနေသော ဈေးကွက်တွင် ရောင်းအားကောင်းသည့် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများကိုသိရှိနိုင်ရန်ရည်ရွယ်၍ မကွေးခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၉-၁-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးအရောင်းဆိုင်များသို့သွားရောက်ကွင်းဆင်းမေးမြန်းခဲ့ရာ ယခုအချိန်တွင် ဈေးကွက်၌ အရောင်းအဝယ်နည်းပါးလျက်ရှိပြီး အရောင်းအဝယ်ဖြစ်သောအချိန်မှာ ဧပြီလ၊ မေလမှ စက်တင်ဘာလထိဖြစ်ကြောင်း၊ လာရောက်ဝယ်ယူကြသောရွာများမှာ လေးတိုင်စင်၊ ဖိုကြီး၊ ဖိုလေးလုံး၊ ကျစ်စုံပွေး၊ သပြေစမ်း၊ ဆူးကောက်စမ်း၊ ရှာပင်လှတို့မှဖြစ်ကြောင်းသိရှိရပါသည်။

    ဇန်နဝါရီလ(ဒုတိယပတ်)တွင် အရောင်းအဝယ်ဖြစ်နေသော ဓာတ်မြေဩဇာတံဆိပ်များဖြစ်သည့် အာမို(၁၅:၁၅:၁၅)တစ်အိတ်လျှင် ကျပ်(၁၅၅၀၀၀)၊ MC (၁၅:၁၅: ၁၅) တစ်အိတ်လျှင် ကျပ်(၁၃၉၀၀၀)၊ တက်တိုး(၁၅:၇:၈)တစ်အိတ်လျှင် ကျပ်(၇၅၀၀၀)၊ ရွှေပုလဲ (မြင်းကျား)တစ်အိတ်လျှင် ကျပ်(၅၀၀၀၀)ဖြစ်ပြီး ပထမအပတ်နှင့်နှိုင်းယှဉ်ပါက ယခုအပတ်တွင် အာမိုတစ်အိတ်လျှင်  ကျပ်(၁၀၀၀)၊ MC တစ်အိတ်လျှင်  ကျပ်(၁၀၀၀)၊ တက်တိုးတစ်အိတ်လျှင် ကျပ်(၃၀၀၀) အသီးသီးဈေးနှုန်းလျော့နည်းခဲ့ကြောင်း၊ ပိုးသတ်ဆေးမှာလည်း ပရိုမက်တင် ၅၁.၈ EC (500CC)တစ်ဘူးလျှင် ဇန်နဝါရီလ(ဒုတိယပတ်)တွင် ကျပ် (၂၁၀၀၀)၊ ဆလက်ပက်(စ်) (500CC) တစ်ဘူးလျှင် ကျပ် (၂၅၀၀၀)၊ အီရာပရိုသရင် (500CC) တစ်ဘူးလျှင် ကျပ်(၂၄၀၀၀)၊ ဖို(စ်)တင်း EC (500CC)တစ်ဘူးလျှင် ကျပ်(၁၇၀၀၀)ဖြစ်ပြီး ယခင်အပတ်ဈေးနှုန်းအတိုင်း ပြောင်းလဲမှုမရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)