ဆင်ပေါင်ဝဲမြို့နယ်၊ မြို့မစည်ပင်သာယာဈေးအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊  မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တာဝန်ခံသည် တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် စားသုံးသူပြည်သူများ ‌ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် ကုန်စည်များရောင်းချစေရေး၊ သက်တမ်းလွန်ကုန်စည်များရောင်းချမှုမရှိစေရေးရည်ရွယ်ချက်ဖြင့် လစဉ် ဆောင်ရွက်လျက်ရှိရာ (၅-၁-၂၀၂၄) ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် ဆင်ပေါင်ဝဲမြို့နယ်< မြို့မစည်ပင်သာယာ‌ဈေးအတွင်းရှိ ကုန်စုံနှင့်စတိုးဆိုင်များ၌ စားသုံးရန်မသင့်ဟုထုတ်ပြန်ထားသည့် တော်ဝင်အမှတ်တံဆိပ်ပါ သစ်သီးယိုစုံရောင်းချမှုရှိ/မရှိ  မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

   ထို့သို့ကွင်းဆင်းစစ်ဆေးခဲ့ရာ စားသုံးရန်မသင့်ဟုထုတ်ပြန်ထားသည့် တော်ဝင်အမှတ်တံဆိပ်ပါ သစ်သီးယိုစုံကို ရောင်းချခြင်းမရှိကြောင်းတွေ့ရှိရပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တရားမဝင်ကုန်စည်များရောင်းချခြင်းမပြုရန်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးစည်းကမ်းများကိုလိုက်နာရန်နှင့် ယခုအချိန်အခါသည် ပွင့်လင်းရာသီဖြစ်သည့်အတွက် မီးဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်ရန်လိုအပ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးနိုင်ဦးကလည်း ကုန်အညွှန်းအမှတ်အသားပြည့်စုံသည့် ကုန်စည်များကိုသာရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြပါရှိရမည့် ကုန်စည်အုပ်စု(၈)အုပ်စုအကြောင်းကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)