![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/109_1.jpg?itok=8zBPVpkS)
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ မြောက်ချောင်းဘက်ရှိ ရေနံ့သာ၊ ဆုံကုန်း၊ ခြောက်ပင်၊ သံပုရာ၊ အုပ်ရှစ်ချို၊ မင်းတည်း၊ ကျောက်ပတောင်း စသည့်ကျေးရွာများမှထွက်ရှိသည့် ဒါးရမ်း(ခ)ကိုင်းမတ်ပဲများမှာ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (ဒုတိယပတ်)တွင် (၃၀)ပိဿာဝင်တစ်အိတ်လျှင် ကျပ်(၁၄၆၂၅၀)ဖြင့် တစ်နေ့လျှင် အိတ်ရေ (၆၀မှ၇၀)ခန့်ဝယ်ယူရရှိပြီး ယခင်ဇန်နဝါရီလ (ပထမပတ်)တွင် ကျပ်(၁၄၂၅၀၀) ဈေးနှုန်းဖြစ်ခဲ့၍ ယခင်အပတ်ဈေးထက် ကျပ်(၃၇၅၀)အတက်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းနှင့် ၎င်းတို့ကို ပဲခူးတိုင်းပြည်မြို့သို့ တင်ပို့ရောင်းချရကြောင်း ကုန်သည် ဦးထိုက်သူအောင်ထံမှသိရပါသည်။
ပဲတီစိမ်းသီးနှံများမှာလည်း (၃၀)ပိဿာဝင်တစ်အိတ်လျှင် ကျပ်(၉၀၀၀၀)ဈေးနှုန်းဖြင့် ယခင်ဇန်နဝါရီလ(ပထမပတ်)ဈေးနှုန်းအတိုင်း ပြောင်းလဲမှုမရှိဘဲ တစ်နေ့လျှင် အိတ်ရေ(၅မှ၈)ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းနှင့် ပစ္စည်းလက်ကျန်မှာလည်းနည်းလာပြီး အရောင်းအဝယ်အေးလျက်ရှိကြောင်းသိရှိရပါသည်။
DOCA(မကွေး)