ဆိပ်ဖြူကုန်စည်ဒိုင်၌ ဇန်နဝါရီလ (ပထမပတ်) မိုးကြက်သွန်နီ (အသစ်) ဈေးနှုန်းဈေးကွက်နှင့် ကုန်စည်စီးဆင်းမှု

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလဆန်းပိုင်းမှစ၍ မိုးကြက်သွန်နီ (အသစ်)များ လှိုင်လှိုင်တူးဖော်လျက်ရှိသည်။ ကြက်သွန်နီစိုက်ပျိုးမှုများသော ဆိပ်ဖြူမြို့၊ ပေါ်လေးရပ်ကွက်နှင့် ရေလယ်ကျွန်း၊ တောင်ကလုံး၊ ကိုးတောင့်၊ မြင်ကဝ၊ အောက်ဆိပ်ကျေးရွာများမှထွက်ရှိသော ကြက်သွန်နီ(အသစ်)များမှာ ဇန်နဝါရီ(ပထမပတ်)တွင် ဆိပ်ဖြူကုန်စည်ဒိုင်သို့ နေ့စဉ်ဝင်ရောက်လျက်ရှိပြီး၊ တစ်ရက်လျှင် ကုန်ချိန် (၄)သောင်းခန့်၊ တစ်ပတ်အတွင်း စုစုပေါင်းကုန်ချိန်ပိဿာ (၃)သိန်းခန့်ဝင်ရောက်လျက်ရှိကြောင်း ဈေးကွက်မှသိရှိရသည်။

     ဆိပ်ဖြူကုန်စည်ဒိုင်ကြက်သွန်နီဈေးကွက်အနေဖြင့် ဇန်နဝါရီ(ပထမပတ်)တွင် မိုးကြက်သွန်နီ (အသစ်) တစ်ပိဿာလျှင် ထိပ်စ အမြင့်ဈေး ကျပ်(၂၄၇၅)၊ အလတ်စ ကျပ်(၂၃၀၀) အသေးစ ကျပ် (၁၅၀၀)ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်အပတ်တွင် အမြင့်ဈေး ကျပ်(၂၅၀၀) အရောင်းအဝယ်ဖြစ်ခဲ့၍ ယခုတအပတ်အတွင်း တစ်ပိဿာလျှင် ထိပ်စအမြင့်ဈေး ကျပ်(၂၅)၊ အလတ်စနှင့် အသေးစမှာ ကျပ်(၁၀)ခန့်ဈေးနှုန်းကျဆင်းပြီး အရောင်းအဝယ်ဖြစ်‌နေကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှသိရှိရပါသည်။

       ဇန်နဝါရီလ(ပထမပတ်)တွင် ဆိပ်ဖြူမြို့မှ မိုးကြက်သွန်နီ(အသစ်)များ ရန်ကုန်ဘုရင့်နောင် (ကုန်စည်ဒိုင်)၊ ပြည်မြို့၊ ပုသိမ်မြို့ နှင့် မြဝတီမြို့များသို့ တင်ပို့လျက်ရှိပြီး ကြက်သွန်နီကုန်ချိန်ပိဿာ (၄)သိန်းခန့်၊ တန်ချိန် (၆၅၃)ခန့် ဆိပ်ဖြူမြို့မှ ကုန်စည်စီးဆင်းခဲ့ကြောင်း  ဈေးကွက်မှသိရှိရပါသည်။

DOCA(မကွေး)