ပခုက္ကူကုန်စည်ဒိုင်တွင် နှမ်းသီးနှံအရောင်းအဝယ်ဖြစ်နေ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူကုန်စည်ဒိုင်တွင် နှမ်းသီးနှံမှာ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(စတုတ္ထပတ်)မှစ၍ စတင်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ဒေသထွက် ပဲစဉ်းငုံနီ၊ ပဲဇီးကွက် သီးနှံများလည်း စတင်ဝင်ရောက် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။

   ဒီဇင်ဘာလ(စတုတ္ထပတ်)တွင် နှမ်းနက်စမုံ(ရှယ်)တစ်တင်းလျှင် ကျပ်(၁၁၈၀၀၀)၊ နှမ်းနက် စမုံ(ပုံမှန်)တစ်တင်းလျှင် အရည်အသွေးကိုလိုက်၍ ကျပ်(၉၀၀၀၀ မှ ၁၁၇၀၀၀)ထိရှိခဲ့သည်။ နှမ်းဂွနက် တစ်တင်းလျှင် ကျပ် (၉၅၀၀၀ မှ ၁၀၁၀၀၀)နှင့် တစ်နေ့လျှင် နှမ်းမျိုးစုံ(၃)တင်းဝင် အိတ် (၄၀၀ မှ ၅၀၀)ကြား အရောင်းအဝယ်ဖြစ်သည်ကိုသိရှိရပါသည်။ ပဲစဉ်းငုံအနေနှင့် (၁)တင်းလျှင် ကျပ်(၁၀၁၀၀၀)၊ ပဲဇီးကွက်တစ်တင်းလျှင် ကျပ် (၅၀၀၀၀)ရှိခဲ့ပါသည်။

   ၂၀၂၄ခုနှစ်၊ ယခုဇန်နဝါရီလ(ပထမပတ်)တွင် နှမ်းမျိုးစုံ ပိုမိုဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး နှမ်းနက်စမုံ(ရှယ်) အနိမ့်ဆုံးအမျိုးအစားတစ်တင်းလျှင် ကျပ် (၁၀၀၀၀၀)၊ အမြင့်ဆုံး ကျပ်(၁၁၇၀၀၀) နှင့်ဈေးအနည်းငယ်ကျပြီး နှမ်းနက်စမုံ(ပုံမှန်)မှာ တစ်တင်းလျှင် ကျပ်(၉၀၀၀၀-၁၀၀၀၀၀-၁၁၇၀၀၀)နှင့် အရောင်းအဝယ်ဖြစ်နေပြီး နှမ်းဂွနက်မှာ တစ်တင်းလျှင် ကျပ်(၁၀၅၀၀၀ မှ ၁၀၈၀၀၀)နှင့် ဈေးအနည်းငယ်တက်လာသည်ကို တွေ့ရှိရပါသည်။ အရောင်းအဝယ်ဖြစ်မှုမှာ တစ်နေ့ လျှင် နှမ်းမျိုးစုံ (၃)တင်းဝင် တစ်အိတ်လျှင် (၉၀၀ မှ ၁၀၀၀)ကြားတင်ပို့နေရကြောင်း၊ ပဲစဉ်းငုံအနေဖြင့် တစ်တင်းလျှင် ကျပ်(၁၀၈၀၀၀)၊ ပဲဇီးကွက် တစ်တင်းလျှင် ကျပ်(၆၀၀၀၀)နှင့် မတ်ပဲသီးနှံ လည်း စတင် ဝင်ရောက်လာပြီး တစ်တင်းလျှင် ကျပ်(၉၅၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စည်ဒိုင်မှ သတင်းရရှိပါသည်။

  ပခုက္ကူဈေးကွက်သို့ ဝင်ရောက်လာသော နှမ်းနက်စမုံနှင့် ပဲမျိုးစုံတို့မှာ မန္တလေးနှင့် ရန်ကုန်မြို့ ကြီးများသို့ အများဆုံးတင်ပို့ရပြီး ယခုအချိန်တွင် ပြည်ပမှ ဝယ်လိုအားရှိ၍ ပဲနှမ်းသီးနှံများ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဆက်လက်ဈေးတက်မည့်အခြေအနေရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)