မုံရွာမြို့၊ ပြည်ထောင်စုဈေးတွင် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် အပတ်စဉ် ရောင်းချပေး

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် တန်ဖိုးသင့်အခြေခံစားသောက်ကုန်များကို စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သူများသည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ် ၁၃ရက်နေ့၊ နံနက် (၀၇:၀၀) နာရီအချိန်တွင် ဆန်၊ ဆီနှင့် ကြက်ဥ၊ ဒေသထွက်ဟင်းသီးဟင်းရွက်သီးနှံများကို မုံရွာမြို့၊ ပြည်ထောင်စုဈေး၌  သက်သာသောဈေးနှုန်းဖြင့် အပတ်စဉ် ရောင်းချပေးလျက်ရှိပါသည်။

    ထိုသို့ရောင်းချခဲ့ရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမြတ်ကျော်၏ ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ စိုက်ပျိုး‌ရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့သည် အခြေခံစားသောက်ကုန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးအတွက် ကိုယ်တိုင်စိုက်ပျိုး/ မွေးမြူ/ ထုတ်လုပ်သူများနှင့်ပူးပေါင်းကာ စားအုန်းဆီတစ်ပိဿာလျှင် ၅၄၀၀ကျပ်ဖြင့် ဝယ်ယူသည့်ပြည်သူများအဆင်ပြေစေရန် ကောင်တာ (၅) ခုခွဲ၍ ဆီ (၁၀၀၀) ပိဿာ၊ ဆန်တစ် ပြည်လျှင် ၂၈၀၀ကျပ်ဖြင့် ဆန်(၂၄)ပြည်ဝင်အိတ် (၂၅) အိတ်၊  ကြက်ဥ (၅) လုံးပါတစ်ထုပ်လျှင် ၁၀၀၀ကျပ်ဖြင့် ကြက်ဥအလုံး(၂၇၀၀)၊ ငုံးဥ (၁၆) လုံးပါတစ်ထုပ်လျှင် ၁၀၀၀ကျပ်ဖြင့် အလုံး(၃၀၀၀)နှင့် ကြာဇံများ၊ ခေါက်ဆွဲခြောက်များ၊ ကုလားပဲမှုန့်များ၊ ကိတ်စို/ကိတ်ခြောက်များနှင့် ဒေသထွက်ဟင်းသီးဟင်းရွက်သီးနှံများကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)