ကျွန်းလှမြို့၊ အမှတ်(၂)ရပ်ကွက်တွင် မြေအောက်ရေတင်စနစ်ဖြင့် မေမြို့ပန်းစိုက်ပျိုးကာ ဝင်ငွေတိုးလျက်ရှိ

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်တွင် မိသားစုစားဝတ်နေရေးနှင့် အပိုဝင်ငွေရရှိရန်အတွက် မေမြို့ပန်းကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးလာကြပါသည်။

    မေမြို့ပန်းပင်ကို မျိုးစေ့ပျိုးရန် အစေ့နို့ဆီတစ်ဘူးလျှင် ကျပ်(၁၅၀၀၀)ပေးဝယ်၍ မျိုးစေ့ကို အရင်ပျိုးထားပြီးနောက် ပျိုးပင်သက်(၁)လခွဲအကြာတွင် စတင်စိုက်ပျိုးရပါသည်။ မေမြို့ပန်းပင်မျိုးများမှာ အက်စတာ (အနီ)၊ အက်စတာ(အဖြူ)၊ ရိုးစိမ်းကျောက်နီ၊ ကြက်လယ်ဆံ၊  ပင်ကား၊ ပင်ထောင်၊ မော့စ်၊ ပွမ်ပွမ်မျိုးများရှိသည့်အနက် အက်စတာမျိုးသည် ရာသီမရွေးစိုက်ပျိုး ရသည့်မျိုးဖြစ်ပြီး သီတင်းကျွတ်လတွင် စတင်စိုက်ပျိုးကာ ပြာသိုလ၌ မေမြို့ပန်းအပင်များနုတ်၍ စတင်ရောင်းချရကြောင်းသိရှိရပါသည်။

    သွင်းအားစုများအနေဖြင့် မြေပြုပြင်ခ၊ အပင်စိုက်ခြင်း၊ ဓာတ်မြေဩဇာထည့်ခြင်း၊ ပေါင်းလိုက်ခြင်းနှင့် ရေသွင်းခြင်း  စသည်တို့၏ စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်(၂၀၀၀၀၀)ခန့်ကုန်ကျပြီး  မေမြို့ပန်းပင်ကို စိုက်ပျိုးပြီးနောက် (၃)လကြာချိန်တွင် စတင်နှုတ်ယူခူးဆွတ်ရကြောင်း၊ မေမြို့ပန်းပင်များသည် နေ့စဉ် နုတ်ယူခူးဆွတ်ရောင်းချရသော အပင်များဖြစ်၍ တစ်ရက်လျှင် အစည်းရေ (၁၀၀/၂၀၀)ပုံမှန်နုတ်ယူခူးဆွတ်ရောင်းချလျက်ရှိကြောင်း၊ မေမြို့ပန်းပင်သည် အပင်လှလျှင် (၂)ပင်ပါတစ်စည်းစည်းရပြီး အပင်မလှလျှင် (၃)ပင်ပါ တစ်စည်းစည်း၍ ရောင်းချရပါသည်။ မေမြို့ပန်းပင်တစ်စည်းလျှင် ကျပ်(၅၀၀/၇၀၀)နှုန်းဖြင့်ရောင်းချလျက်ရှိကြောင်း၊ မေမြို့ပန်းပင်ကို တစ်ကျင်းလျှင် (၁)ပင်ခန့်စိုက်ပျိုးပြီး တစ်ဧကလျှင် အပင်ရေ(၁၇၀၀)ခန့်စိုက်ပျိုးရကြောင်း၊ ကျွန်းလှမြို့နယ်တွင် မေမြို့ပန်းပင်ကို မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးလာကြကြောင်းသိရှိရပါသည်။

   မေမြို့ပန်းပင်သည် ရာသီမရွေးစိုက်ပျိုးနိုင်ပြီး နေ့စဉ်ခူးဆွတ်ရောင်းချရသော ပန်းပင်ဖြစ်၍ စိုက်ပျိုးသင့်သောပန်းပင်ဖြစ်ကြောင်းနှင့် မေမြို့ပန်းပင်ကို ကန့်ဘလူမြို့၊ မြို့မဈေးရှိ ဖောက်သည်များထံနှင့် မိမိကိုယ်တိုင် ဈေးသို့သွား‌ရောက်ရောင်းချ၍  အရောင်းအဝယ်ဖြစ်လျက်ရှိပြီး မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက် အတွင်းရှိ  မေမြို့ပန်းပင်စိုက်တောင်သူ ဦးဇာနည်ထံမှသိရှိရပါသည်။

DOCA(စစ်ကိုင်း)