ကန့်ဘလူမြို့၊ “မြို့မဈေး”ရှိ ကုန်စုံဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိရာ ဈေးကွက်အတွင်းရောင်းချလျက်ရှိသည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့်ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေခြင်းကို သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါသည်။

     ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၁၁ရက်နေ့တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဝန်ထမ်းတစ်ဦးတို့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဈေးကော်မတီဝင်များနှင့်ပူးပေါင်း၍ ကန့်ဘလူမြို့ ၊ “မြို့မဈေး”ရှိ ကုန်စုံဆိုင်များအား စားသုံးဆီအမျိုးမျိုးနှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ရာ ဈေးကွက်အတွင်း၌ ဒေသထွက်မြေပဲဆီများ၊ ခွက်ချင့်စား အုန်းဆီများနှင့် ဂွတ်ဒီဟင်းရွက်ဆီ အဆင့်မြင့်သန့်စင်ထားသော စားအုန်းဆီတို့ကိုစိစစ်တွေ့ရှိရပြီး ဂွတ်ဒီဟင်းရွက်ဆီ အဆင့်မြင့်သန့်စင်ထားသော စားအုန်းဆီဘူးပေါ်တွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသည့ကို စိစစ်တွေ့ရှိရကြောင်း၊ မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးရာတွင် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်မရှိသောဆီများကို ရောင်းချမှုမရှိစေရေး လုပ်ငန်းရှင်များအား အသိပေးကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)