ကန့်ဘလူမြို့၊ အမှတ်(၅)၊ (အ-လ-က) ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်းသည့် အသိပညာများကို စားသုံးသူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် Online မှလည်းကောင်း၊ မြေပြင်ကွင်းဆင်း၍လည်းကောင်း အသိပညာပေးဟောပြောပွဲများဆောင်ရွက်လျက်ရှိပါသည်။

     ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၁၂ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကန့်ဘလူမြို့ ၊ အမှတ်(၅)၊ (အ-လ-က) ကျောင်းတွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုဟောပြောပွဲနှင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကြည်ဆန်းက ပြည်ထောင်စုနေ့ဖြစ်ပေါ် လာပုံ၊ ပြည်ထောင်စုနေ့အကြောင်းဟောပြောခြင်း၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အဓိပ္ပါယ်၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်တို့ကို ရွေးချယ်ဝယ်ယူသုံးစွဲခြင်းနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုများဖြစ်ပေါ် လာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများကို ဟောပြောဆွေးနွေးခဲ့ပြီးနောက် စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(စစ်ကိုင်း)