ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်းအခြေအနေ

Powered by Drupal

    ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်အတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ အခြေခံစားသောက်ကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်မွှေး(သိင်္ဂီ) တစ်ပြည် ၇၀၀၀ ကျပ်၊ ဧည့်မထ (ဒေသ)ဆန် တစ်ပြည် ၃၈၀၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ စားဖိုဆောင်စားသောက်ကုန်များ အနေဖြင့် ကြက်သွန်နီ တစ်ပိဿာ ၄၂၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ ၁၀၀၀၀ ကျပ်၊ (ရှမ်းစ)တစ်ပိဿာ ၁၆၀၀၀ ကျပ်၊ ငရုတ်သီးခြောက်(ရှည်)တစ်ပိဿာ ၁၆၅၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၂၀၀၀ ကျပ်၊ အာလူး တစ်ပိဿာ ၃၅၀၀ ကျပ်၊ မန်ကျည်းသီးမှည့် တစ်ပိဿာ ၃၇၀၀ ကျပ်နှင့် ချင်း တစ်ပိဿာ ၅၀၀၀ ကျပ်စသဖြင့် ရောင်းဝယ်လျက်ရှိပါသည်။

     ကျိုင်းတုံမြို့တွင် ဇန်နဝါရီလ ဒုတိယပတ်၌ စားသုံးဆီဈေးနှုန်းများအနေဖြင့် စားအုန်းဆီ တစ်ပိဿာ ၆၀၀၀ ကျပ်နှင့် ပဲဆီ(ရိုးရိုး) တစ်ပိဿာ ၁၆၀၀၀ ကျပ်၊ ကြက်ဥဈေးမှာ တစ်လုံး ၂၅၀ ကျပ် နှင့် ဘဲဥ တစ်လုံး ၄၀၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ အသား/ငါးဈေးနှုန်းများမှာ ကြက်သား (CP) တစ်ပိဿာ ၁၃၀၀၀ ကျပ်၊ ဝက်သား တစ်ပိဿာ ၂၀၀၀၀ ကျပ်၊ အမဲသား တစ်ပိဿာ ၂၄၀၀၀ ကျပ်၊ ငါးကြင်း တစ်ပိဿာ ၁၈၅၀၀ ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာ ၁၇၀၀၀ ကျပ် ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

     ကျိုင်းတုံမြို့ အခြေခံစားသောက်ကုန်ဈေးနှုန်းများသည် ယခင်ဇန်နဝါရီလ ပထမပတ်နှင့် နှိုင်းယှဉ်ပါက ကြက်သွန်နီ၊ ကြက်သွန်ဖြူ(ရှမ်းစ)၊ ငရုတ်သီးခြောက်(ရှည်)၊ မန်ကျည်းသီးမှည့် ဈေးနှုန်းတို့မှာ အနည်းငယ်မြင့်တက်လျက်ရှိပြီး ကျန်အခြေခံစားသောက်ကုန်များမှာ ဈေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)