လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ဗိုလ်ချုပ်ဈေးရှိ စားသုံးဆီဆိုင်များအား နယ်မြေဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၁၂-၁-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင်  မော်ကျွန်းမြို့နယ်၊ ဗိုလ်ချုပ်ဈေးအတွင်းရှိ စားသုံးဆီဆိုင်များတွင်ရောင်းချနေသော စားသုံးဆီဘူးများတွင်  ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ပတ်သက်၍ ပြည့်စုံမှုရှိ/မရှိကို နယ်မြေဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံက ဈေးအတွင်းရှိရောင်းချနေသော ကုန်မျိုးစုံဆိုင်(၃)ဆိုင်ရှိ Meizan Lotus, Goody စားသုံးဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်ပြည့်စုံမှုရှိ/မရှိစစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ၂၀၁၉ပါ ဥပဒေပြဋ္ဌာန်းချက်များအနက် ဥပဒေအခန်း အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁၊ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာ ဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက် (၂/၂၀၁၉)  ကိုလိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ၊ ဌာနမှထုတ်ပြန်ထားသော ဥပဒေညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရန်   ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိကိုလည်း စဉ်ဆက်မပြတ်စစ်ဆေးဆောင်ရွက်သွားမည်ဟု ဆွေးနွေးမှာကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)