အရောင်းအဝယ်သွက်လျက်ရှိသော ဒေသထွက် သခွားသီးစျေးကွက်

Powered by Drupal

   ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် စိုက်ပျိုးသော ‌ဒေသထွက် ဆောင်းသခွားများ စတင်ထွက်ပေါ်၍ အ‌ရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရသည်။

  ဘားအံမြို့နယ်မှ ထွက်ပေါ်သော သခွားသီးများအား ဘားအံမြို့ရှိ ရေပေါ်ဈေးကို အခြေခံ၍ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းနှင့် ‌ဈေးနှုန်းများမှာ လက်ကားဈေး တစ်ပိဿာလျှင် -၁၈၀၀ ကျပ်နှင့် လက်လီဈေး တစ်ပိဿာလျှင်- ၂၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

   သခွားသီးတွင် မိုးသခွားနှင့် ဆောင်းသခွားဟူ၍ (၂)မျိုးရှိပြီး ဆောင်းသခွားကို အောက်တိုဘာလ၊ နိုဝင်ဘာလများတွင် စိုက်ပျိုး၍ ဒီဇင်ဘာလကုန်၊ ဇန်နဝါရီလဆန်းတွင် ထွက်ပေါ်၍ စျေးကွက်အတွင်း ဖြန့်ဖြူရောင်းချကြောင်းနှင့် ယခုနှစ်တွင် နယ်မြေဒေသ လမ်းပန်းဆက်သွယ်ရေး အခြေအနေများကြောင့် တစ်ဖက်ထိုင်းနိုင်ငံမှ သခွားသီးဝင်ရောက်မှုနည်းပါးခဲ့ပြီး ဒေသခံများ၏ သခွားသီးများ ဝယ်လိုအားများခဲ့သောကြောင့် ဈေးနှုန်းရရှိကာ အရောင်းအဝယ်သွက်၍ အကျိုးအမြတ်ရရှိခဲ့ကြောင်း သိရသည်။

DOCA(ကရင်)