ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုအခြေအနေ

Powered by Drupal

    အိန္ဒိယနိုင်ငံမှ ပြည်ပသို့ ဆန်ဖြူတင်ပို့မှုကို တားမြစ်ထား၍ ထိုင်းနိုင်ငံဆန်ဈေးနှုန်းများမှာ ယခုနှစ်၏ ပထမနှစ်ဝက်တွင် အမြင့်ပိုင်းတွင် ဆက်လက်ရှိနေမည်ဟု ဒေသခံကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များက သုံးသပ်လျက်ရှိပါသည်။

    ထိုင်းနိုင်ငံဆန်တင်ပို့သူများအသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ၏ ပြောကြားချက်အရ ကမ္ဘာ့ဈေးကွက်တွင် ဆန်ဈေးနှုန်းများမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀၀ပတ်ချာလည်တွင်ရှိနေနိုင်ပြီး အဆိုပါပမာဏသည် နိုင်ငံအမြောက်အများ၏ ဆန်ဝယ်လိုအားများကြောင့် ဆယ်စုနှစ် ၁စုအတွင်း အမြင့်ဆုံးအခြေအနေဖြစ်ကြောင်းသိရပါသည်။

   ထိုင်းနိုင်ငံ၊ ဗီယက်နမ်နှင့် ပါကစ္စတန်နိုင်ငံတို့မှာ အာရှတိုက်၏ အဓိကဆန်တင်ပို့သည့် နိုင်ငံများဖြစ်ကြပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် ယခုနှစ်တွင် ဆန်ဆက်လက်တင်သွင်းသွားမည်ဖြစ်ပြီး ယခင်နှစ်ထက် ပမာဏနည်းပါးစွာတင်သွင်းနိုင်သော်လည်း တန်ချိန်လေးသန်းခန့်ပမာဏကို ထိုင်း၊ ဗီယက်နမ်၊ မြန်မာ၊ ပါကစ္စတန်နှင့် နိုင်ငံအမြောက်အများက ဝယ်ယူသွားမည်ဟုသိရပါသည်။

    လွန်ခဲ့သည့်နှစ်၏ ထိုင်းနိုင်ငံဆန်တင်ပို့မှုပမာဏမှာ စုစုပေါင်းတန်ချိန် (၈.၈) သန်းမှ (၈.၉) သန်းရှိနိုင်ပြီး ယခင်ခန့်မှန်းတန်ချိန် (၈.၅) သန်းကိုကျော်လွန်ခဲ့ကြောင်းသိရပါသည်။

   အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ဂျပန်တို့ကဲ့သို့သော အာရှတိုက်၏ အဓိကဆန်တင်သွင်းသည့် နိုင်ငံများ၏ဝယ်လိုအားများကြောင့် ဆန်တင်ပို့သူလုပ်ငန်းရှင်များမှာ ပမာဏများပြားသည့်ဆန်များကို ထပ်မံတင်ပို့နိုင်လိမ့်မည်ဟုခန့်မှန်းရကြောင်း ထိုင်းနိုင်ငံဆန်တင်ပို့သူများအဖွဲ့အစည်းက ခန့်မှန်းထားပါသည်။

     အာဖရိကတိုက်၊ အရှေ့အလယ်ပိုင်းဒေသနှင့် အမေရိကတိုက်များမှ အဓိကဈေးကွက်ရှိရာနိုင်ငံများတွင်လည်း ၂၀၂၄ခုနှစ်၊ ပထမ ၃လပတ်ကာလအတွက် အရန်ဆန်သိုလှောင်ထားရှိရန် နှင့် ထိုနိုင်ငံများတွင် ဆန်ထုတ်လုပ်မှုလျော့ချခြင်းတို့ကို ပြန်လည်အစားထိုးရန်အတွက် ဆန်ဖြူ၊ ကောက်ညှင်းဆန်နှင့် ဆန်မွှေးဝယ်လိုအားမြင့်တက်လာမည်ဟု မျှော်လင့်ရကြောင်းသိရပါသည်။

DOCA(ရန်ကုန်)