သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ သီရိမင်္ဂလာဈေးတွင် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ( ၁၀ ) ရက်နေ့မှ ဇန်နဝါရီ လ (၁၆) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ဝမ်းတွင်း မှ ဖရဲသီး (855) အလုံးကြီးတစ်လုံးလျှင် ကျပ်၅၀၀၀၊ ဝမ်းတွင်းမှ ဖရဲသီး (211) အလုံးကြီးတစ်လုံးလျှင် ကျပ်၃၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၂၀၀၀၊ မော်လမြိုင်မှ ကျွဲကောသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၂၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၁၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၅၀၀၊ ပုပ္ပါးမှ မာလကာသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၃၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၂၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၁၀၀၊ အောင်ပန်းမှ လိမ္မော်သီးအလုံးကြီးတစ်ပိဿာလျှင် ကျပ်၃၀၀၀၊ ပြင်ဦးလွင်မှ ဘောက်သီးတစ်ပိဿာလျှင် အလုံးကြီး ကျပ်၆၀၀၀၊ အလုံးလတ် ကျပ်၅၀၀၀၊ အလုံးသေး ကျပ်၄၀၀၀၊ ပြင်ဦးလွင်မှ အာတာလွတ်ဥတစ်ပိဿာလျှင် အလုံးကြီး ကျပ်၂၅၀၀၊ အလုံးလတ် ကျပ်၂၀၀၀၊ ဟင်္သာတမှ ထန်းမြစ်တစ်စည်းလျှင် အစီးကြီး ကျပ်၂၅၀၀၊ အစည်းလတ် ကျပ်၂၀၀၀၊ ပြည်မှ ဆီးသီးအလုံးကြီး (အချဉ်) တစ်ခြင်းလျှင်  ကျပ်၁၅၀၀၊ ပြည်မှ ဆီးသီးအလုံးကြီး (စလေ)တစ်ခြင်းလျှင် ကျပ်၁၀၀၀၀၊ တွံတေးမှ သခွားချို အလုံးကြီးတစ်ခြင်းလျှင် ကျပ်၁၂၀၀၀၊ ပြင်ဦးလွင်မှ စတော်ဘယ်ရီအလုံးကြီးတစ်ခြင်းလျှင် ကျပ်၆၅၀၀၀၊ မှော်ဘီမှ ပိန္နဲသီးအလုံးကြီးတစ်လုံးလျှင် ကျပ်၃၀၀၀၀၊ အလုံးလတ်တစ်လုံးလျှင် ကျပ်၂၀၀၀၀၊ အလုံးသေးတစ်လုံးလျှင် ကျပ်၁၀၀၀၀၊ မှော်ဘီမှ စိမ်းစားဥတစ်တွဲလျှင် ၁၃၀၀ကျပ်ဈေးနှုန်းတို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်ဟင်းသီး ဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFVP) မှသိရှိရပါသည်။

DOCA(ရန်ကုန်)