![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/105_2.jpg?itok=p5v3x1-v)
ရန်ကုန်တိုင်းဒေသကြီးသို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ ဝင်ရောက်လာသည့် ကြက်သွန်နီများသည် အနောက်ပိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနကွပ်ကဲမှုအောက်ရှိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ နေ့စဉ် မော်တော်ယာဉ်များဖြင့် ဝင်ရောက်လျက်ရှိပါသည်။ ပွဲရုံများ၏ ကြက်သွန်နီလက်ကျန်အခြေအနေများကို အမှန်ကန်ဆုံးသိရှိနိုင်ရန်အတွက် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ ကြက်သွန်နီပွဲရုံ (၄၀) အနက် Random စနစ်ဖြင့် ပွဲရုံ (၁၀) ရုံအား မေးမြန်းချက်များအရလည်းကောင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီ နေ့စဉ်ဝင်ရောက်မှုစာရင်းများအရလည်းကောင်း၊ ကြက်သွန်နီလက်ကျန်အခြေအနေကို နေ့စဉ် စုံစမ်းလျက်ရှိပါသည်။ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်နေ့မှ ဇန်နဝါရီလ (၁၅) ရက်နေ့အထိ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ကြက်သွန်နီဝင်ရောက်ရာဒေသများဖြစ်သည့် ဆိပ်ဖြူ၊ မြင်းခြံ၊ မြစ်သားဒေသတို့မှ ကြက်သွန်နီ (၁၁၄၀၀၀၀) ပိဿာဝင်ရောက်ခဲ့ပြီး (၆၀) ရာခိုင်နှုန်းခန့် ပြန်လည်စီးထွက်မှုရှိကြောင်းသိရှိရပါသည်။ ထို့ကြောင့် ကြက်သွန်နီလက်ကျန်မှာ (၄၅၆၀၀၀) ပိဿာကျန်ရှိကြောင်း ကုန်စည်ဒိုင်သတင်းအရသိရှိရသည်။ မြင်းခြံကြက်သွန်နီ(အသစ်) အချောတစ်ပိဿာလျှင် ကျပ်၁၆၀၀၊ အသန့်မှာ တစ်ပိဿာလျှင် ကျပ်၂၀၀၀၊ အကြီးမှာ တစ်ပိဿာလျှင် ကျပ်၂၆၀၀၊ ရှယ်မှာ တစ်ပိဿာလျှင် ကျပ်၂၈၀၀၊ မြစ်သားကြက်သွန်နီ (အသစ်) အချောတစ်ပိဿာလျှင် ကျပ်၃၀၀၀၊ အသန့်မှာ တစ်ပိဿာလျှင် ကျပ်၃၂၀၀၊ အကြီးမှာ တစ်ပိဿာလျှင် ကျပ်၃၄၀၀၊ ရှယ်မှာ တစ်ပိဿာလျှင် ကျပ်၃၂၀၀၊ ဆိပ်ဖြူကြက်သွန်နီ (အသစ်) အချောတစ်ပိဿာလျှင် ကျပ်၁၅၅၀၊ အသန့်မှာ တစ်ပိဿာလျှင် ကျပ်၂၀၀၀၊ အကြီးမှာ တစ်ပိဿာလျှင် ကျပ်၂၆၅၀၊ ရှယ်မှာ တစ်ပိဿာလျှင် ကျပ်၂၆၅၀ စသည့်ဈေးနှုန်းတို့ဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။
DOCA(ရန်ကုန်)