(၈-၁-၂၀၂၄) ရက်နေ့မှ ( ၁၅-၁-၂၀၂၄) ရက်နေ့ထိ လှိုင်မြို့နယ်၊ လှိုင်ဈေးကြီးအတွင်းရှိ အခြေခံစားသောက်ကုန်ဈေးနှုန်းများ

Powered by Drupal

     မီးဖိုချောင်သုံးပစ္စည်းများနှင့် အခြေခံစားသောက်ကုန်များဖြစ်သော ငါးခြောက်အမျိုးမျိုး၏ ဈေးနှုန်းများမှာ အာဗြဲခြောက်တစ်ပိဿာလျှင် ၂၅၀၀၀ကျပ်မှ ၃၀၀၀၀ကျပ်၊ ငါးရံခြောက်တစ်ပိဿာလျှင် ၆၂၀၀၀ကျပ်မှ ၇၅၀၀၀ ကျပ်၊ ငါးတံခွန်ခြောက်တစ်ပိဿာလျှင် ၂၄၀၀၀ကျပ်မှ ၂၉၀၀၀ကျပ်၊ ငါးနီတူခြောက်တစ်ပိဿာလျှင် ၂၃၀၀၀ကျပ်မှ ၂၅၀၀၀ကျပ်၊ ငါးရောင်ခြောက်တစ်ပိဿာလျှင် ၂၃၀၀၀ကျပ်မှ ၂၅၀၀၀ကျပ်၊ ပုစွန်ခြောက်တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်မှ ၁၆၀၀၀ကျပ်တို့ဖြစ်ပြီး ကုလားပဲတစ်ပိဿာလျှင် ၇၀၀၀ကျပ်မှ ၈၀၀၀ကျပ်၊ အသီးအရွက်ဈေးနှုန်းများမှာ ကန်စွန်းရွက်တစ်စည်းလျှင် ၃၀၀ကျပ်မှ ၅၀၀ကျပ်၊ ချဉ်ပေါင်ရွက်တစ်စည်းလျှင် ၁၅၀ကျပ်မှ ၂၀၀ကျပ်၊ မုန့်ညှင်းရွက်တစ်စည်းလျှင် ၃၀၀ကျပ်မှ ၄၀၀ကျပ်၊ ဂေါ်ဖီထုတ်တစ်ထုပ်လျှင် ၂၀၀၀ကျပ်မှ ၂၂၀၀ကျပ်၊ ပန်းဂေါ်ဖီတစ်ပွင့်လျှင် ၆၀၀ကျပ်မှ ၇၅၀ကျပ်၊ ကိုင်းခရမ်းချဉ်သီးတစ်ဆယ်ကျပ်သားလျှင် ၃၀၀ကျပ်မှ ၃၅၀ကျပ်၊ အာလူးတစ်ပိဿာလျှင် ၃၀၀၀ကျပ်မှ ၃၅၀၀ကျပ်၊ ဆားတစ်ပိဿာလျှင် ၁၀၀၀ကျပ်မှ ၁၂၀၀ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(ရန်ကုန်)