ညောင်ဦးမြို့တွင် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ဈေးနှင့်လုပ်ငန်းခွင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ ဦးသန်းစိုး(ဦးစီးအရာရှိ)၏ ဦးဆောင်မှုဖြင့် (၁၂-၁-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များကိုလိုက်နာမှုရှိစေရေး၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးနှင့် နိုင်ငံတော်က သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေသော စက်မှုလုပ်ငန်းသုံးစားအုန်းဆီများအား လုပ်ငန်းခွင်များတွင် အမှန်တကယ်အသုံးပြုမှုရှိစေရေးတို့အတွက် ညောင်ဦးခရိုင်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ညောင်ဦးမြို့ပေါ်ရှိ ပဲကြော်လုပ်ငန်း၊ အာလူးကြော်လုပ်ငန်းနှင့် ပေါင်မုန့်လုပ်ငန်းခွင်များသို့သွားရောက်၍ ကွင်းဆင်းကြီးကြပ်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။

      ဆက်လက်၍ ပူးပေါင်းအဖွဲ့သည် (၁၂-၁-၂၀၂၄)ရက်နေ့၊ နေ့လယ်ပိုင်းအချိန်နှင့် (၁၄-၁-၂၀၂၄) ရက်နေ့၊ နံနက်ပိုင်းအချိန်တို့တွင် ညောင်ဦးမြို့ရှိ မဏီစည်သူဈေးနှင့် ဘုန်းဇင်ဈေးအတွင်း/အပြင်ရှိ စားသုံးဆီအရောင်းဆိုင်များ၌ ရောင်းချနေသော စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံစွာပါရှိစေရေး၊ သက်ဆိုင်ရာဌာန၊ အစိုးရအဖွဲ့အစည်းများက ရောင်းချခြင်းမပြုရန်ဟုထုတ်ပြန်ထားသော စားသုံးဆီများရောင်းချမှုမရှိစေရေး၊ နိုင်ငံတော်မှ စားသုံးဆီများပြတ်လပ်မှုမရှိစေရေးနှင့် စားသုံးသူပြည်သူများအား ဈေးနှုန်းသက်သာစွာဝယ်ယူသုံးစွဲနိုင်ရေးအတွက် ရောင်းချပေးသောစားအုန်းဆီများကို သတ်မှတ်ထားသော ဈေးနှုန်းများအတိုင်း ရောင်းချစေရေးနှင့် အလေးချိန်၊ အချင်အတွယ်နှင့် အရည်အသွေးများပြည့်မီမှန်ကန်စေရေးတို့အတွက် ကွင်းဆင်းကြီးကြပ်မှုများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မန္တလေး)