ရွှေတောင်ဒေသထွက် ကိုင်းခရမ်းချဉ်သီးဈေးကွက်

Powered by Drupal

    ရွှေတောင်မြို့နယ်တွင် ခရမ်းချဉ်သီးများကို စစ်ကိုင်းကျွန်း၊ မင်းတဲကျွန်း၊ ကျီးသဲနှင့် မြို့မတို့တွင်လည်း အများအပြားစိုက်ပျိုးကြပါသည်။ ခရမ်းချဉ်သီးကို အောက်တိုဘာလတွင် စတင် စိုက်ပျိုးပြီး ဒီဇင်ဘာလတွင် စတင်ထွက်ပေါ်၍ ယခုအချိန်၌ ဈေးကွက်တွင် ခရမ်းချဉ်သီးဝင်ရောက်မှုမှာ လှိုင်လာပြီဖြစ်၍ ပြည်မြို့ရှိဈေးများသို့ လာရောက်ရောင်းချသည့်အပြင် ရွှေတောင်မြို့ပေါ်ဈေးများနှင့် ရန်ကုန်မြို့သို့လည်း နေ့စဉ်တင်ပို့ရောင်းချကြောင်းသိရပါသည်။ ခရမ်းချဉ်သီးဈေးနှုန်းများအနေဖြင့် လက်လီတစ်ပိဿာလျှင် ၁၀၀၀ကျပ်၊ လက်ကားတစ်ပိဿာလျှင် ၈၀၀ကျပ်ဖြင့်ရောင်းချကြောင်းသိရပါသည်။ ယခုအချိန်သည် ဆောင်းရာသီကာလဖြစ်၍ ခရမ်းချဉ်သီးများပေါပေါဝင်ရောက်လာပြီး အရောင်းအဝယ်လည်းဖြစ်နေသဖြင့် ခရမ်းချဉ်စိုက် တောင်သူများနှင့် ကုန်စိမ်းပွဲစားများမှာ အကျိုးအမြတ်များရရှိလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)