ပေါ်ဦးပေါ်ဖျားဖြစ်နေသော လေးပင်ဆီးသီး

Powered by Drupal

     ဆီးသီးအမျိုးပေါင်းများစွာရှိသည့်အနက် လေးပင်ဆီးသီးကို မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ရှိ ရွှေစက်တော်ဘုရားသို့သွားသည့် လမ်းမကြီးပေါ်ရှိ လေးပင်ရွာမှထွက်ရှိပါသည်။ လေးပင် ဆီးသီးသည် အခြားဆီးသီးများနှင့်မတူဘဲ အရသာမှာ အသီးသီးစကပင် ကြွပ်ပြီး ချိုသောအရသာရှိပါသည်။ အသီးရင့်မှည့်လာသည်နှင့်တစ်ပြိုင်တည်း အသီးတွင် အပွေးများတက်ကာ အရသာမှာ ပို၍ချိုမြလာပါသည်။ အရသာမှာ ချိုမြနေသော်လည်း ပိုးမဝင်သောဆီးသီးဖြစ်ပါသည်။

     လေးပင်ဆီးသီးသည် နိုဝင်ဘာလမှ မတ်လအထိထွက်ရှိပါသည်။ လေးပင်ဆီးသီးကို ယိုထိုး၍ စားသောက်ခြင်းမျိုးမရှိပါ။ ပြည်မြို့တွင် လေးပင်ဆီးသီးကို Online မှ အော်ဒါစနစ်ဖြင့် ရောင်းချခြင်းနှင့် ဈေးဆိုင်တချို့တွင် ရောင်းချခြင်းဟူ၍ (၂)မျိုးရှိပါသည်။ Online အော်ဒါစနစ်ဖြင့် ရောင်းချခြင်းမှာ အရောင်းအဝယ်ပိုမိုတွင်ကျယ်ပါသည်။ လေးပင်ဆီးသီးကို Order ကောက်ရာတွင် ပြည်ရာနှင့်ချီရောင်းချကြောင်းသိရှိရပါသည်။ လေးပင်ဆီးသီးကို ယခင်နှစ်တွင် တစ်ပြည်လျှင် ၄၀၀၀ကျပ်နှုန်းဖြင့်ရောင်းချခဲ့ပြီး ယခုနှစ်ပေါ်ခါစတွင် တစ်ပြည်လျှင် ၆၀၀၀ကျပ်နှုန်းဖြင့် စတင်ရောင်းချကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)