ဘားအံမြို့၊ ရေပေါ်စံပြဈေးအတွင်းရှိ ကြက်ဥ၊ ဘဲဥဈေးနှုန်းအခြေအနေ

Powered by Drupal

    ကရင်ပြည်နယ်၊ဘားအံမြို့ရေပေါ်စံပြဈေးအတွင်းနေ့စဉ်ရောင်းချလျက်ရှိသော ကြက်ဥနှင့် ဘဲဥဈေးနှုန်းများမှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်အတွင်း၌ ကြက်ဥအကြီး တစ်လုံးလျှင် ၂၇၀ကျပ်၊ ကြက်ဥအလတ် တစ်လုံးလျှင် ၂၅၀ကျပ်၊ ကြက်ဥအသေး တစ်လုံးလျှင် ၂၂၀ကျပ်ဈေနှုန်းတို့ ဖြင့် အသီးသီးရောင်းချလျက်ရှိရာ ယခု ဇန်နဝါရီလ တတိယပတ်၌ ကြက်ဥအကြီး တစ်လုံးလျှင် ၂၅၀ကျပ်၊ ကြက်ဥအလတ် တစ်လုံးလျှင် (၂၃၀)ကျပ် ကြက်ဥအသေး တစ်လုံးလျှင် ၂၀၀ ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းလာခဲ့ပါသည်။

  ဘဲဥဈေးနှုန်းအနေဖြင့်လည်း ဇန်နဝါရီလ ဒုတိယပတ် ၌ ဘဲဥအကြီးတစ်လုံးလျှင် ၄၀၀ကျပ်၊ ဘဲဥအလတ်တစ်လုံးလျှင် ၃၈၀ကျပ်၊ ဘဲဥအသေးတစ်လုံးလျှင် ၃၅၀ကျပ်ဈေးနှုန်းအသီးသီးတို့ဖြင့် ရောင်းချလျက်ရှိပြီး  ယခုဇန်နဝါရီလ တတိယပတ်၌   ဘဲဥအကြီးတစ်လုံးလျှင် ၃၈၀ကျပ်၊ ဘဲဥအလတ်တစ်လုံးလျှင် ၃၅၀ကျပ်ဈေးနှုန်းတို့ဖြင့် အသီးသီးရောင်းချလျက်ရှိရာ ဘဲဥဈေးနှုန်းများ လည်း အနည်းငယ်ကျဆင်းလာခဲ့ပါသည်။

  အပတ်စဉ်ဈေးနှုန်းသုံးသပ်ချက်များအရကြက်ဥ/ဘဲဥဈေးနှုန်းကျဆင်းရခြင်းမှာ ချောင်းမြောင်း၊ အင်းပေါ်ချိန် တိရိစ္ဆာန်အစားအစာ(ကွင်းစာ)ပေါများခြင်းကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ်သက်သာခြင်းကြောင့် ဈေးနှုန်းအငယ်ကျဆင်းခဲ့ ကြောင်း ဈေးကွက်စုံစမ်းမှုအရ သိရပါသည်။

DOCA(ကရင်)