စားအုန်းဆီကန်များအား စစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်ဦး‌ဆောင်၍ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးများ၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ မြန်မာ့ကုန်ပစ္စည်းစစ်ဆေးရေးနှင့်စမ်းသပ်မှုလုပ်ငန်းလီမိတက်မှ တာဝန်ရှိသူများပူးပေါင်း၍ (၁၇-၁-၂၀၂၄) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင်ကြည့်မြင်တိုင်မြို့နယ်၊ KLP ဆီကန်ရှိ စားအုန်းဆီကန်များမှ စီးပွားရေးလုပ်ငန်းရှင်များထံသို့ ထုတ်ပေးလျက်ရှိသော စားအုန်းဆီများအနက် စားအုန်းဆီ ၁ပေပါလျှင် ပိဿာချိန် (၁၁၀)အတိုင်း အပြည့်အဝချင်တွယ်ပေးမှုရှိ/မရှိနှင့် စားအုန်းဆီပေပါအရေအတွက်ကို မှန်ကန်စွာအပြည့်အဝထုတ်ပေးမှုရှိ/မရှိတို့စစ်‌ဆေးခဲ့ပြီး အလေးချိန်အပြည့်အဝထုတ်ပေးခြင်းမရှိပါက စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များကိုပြောကြားခဲ့ပြီးနောက် ဆီပေပါထုတ်ယူနေမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)