တောင်ငူမြို့၏ စတော်ဘယ်ရီသီးဈေးကွက်

Powered by Drupal

    တောင်ငူမြို့၊ ညောင်ပင်လေးဈေးသည် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် သားငါးမျိုးစုံတို့အတွက် ကုန်စည်ဒိုင်သဖွယ်ဖြစ်သော ကုန်စိမ်းဈေးဖြစ်ပါသည်။ တောင်ငူမြို့သို့ ဝင်ရောက်လာ သော ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်မျိုးစုံကို ညောင်ပင်လေးဈေးသို့ ဝင်ရောက်ပြီးမှသာ အခြားဈေးများသို့ ဖြန့်ဖြူးကြပါသည်။

   ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ စတုတ္ထပတ်အတွင်း ရှမ်းပြည်နယ်၊ တောင်ကြီးဒေသမှ ချိုမွှေးဟုခေါ်သည့် စတော်ဘယ်ရီသီးများ တောင်ငူဈေးကွက်သို့ ဝင်ရောက်လာရာ ၁၀ကျပ်သားလျှင် ၂၅၀၀ကျပ်ဖြင့်ရောင်းချပါ သည်။       

     တောင်ကြီးမှထွက်သော စတော်ဘယ်ရီသီးများမှာ အောင်ပန်းမှထွက်သည့်အသီးများနှင့် အလုံးအရွယ်အစား၊ အရသာကွာခြားမှုရှိကြောင်းသိရပါသည်။ အရသာမှာ အောင်ပန်းထွက် အသီးများထက်ပိုကောင်းသဖြင့် စတော်ဘယ်ရီဖျော်ရည်ရောင်းချသည့်ဆိုင်များ၊ ကိတ်မုန့်လုပ်ငန်းများက ဝယ်ယူကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)