ဖြူးမြို့နယ်၊ အခြေခံပညာကျောင်းများတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းနှင့်အတူ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၁၇ရက်နေ့တွင် ဖြူးမြို့နယ်၊ ဝဲဒေါင့်ကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် ရေသျှံကြီးကျေးရွာ၊  အခြေခံပညာမူလတန်းလွန်ကျောင်းများသို့သွားရောက်၍ စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

 အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးက စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်စေရေးအတွက် ဦးစီးဌာန၏ ဆောင်ရွက်ပေးနေမှုများ၊ မုန့်ပဲသားရေစာနှင့် အချိုရည်များကိုဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားများကို ဦးစားပေးဖတ်ရှုကြရန်နှင့် ကုန်အညွှန်းအမှတ်အသားပါရှိသော အစားအသောက်များကိုသာ ဝယ်ယူစားသောက်သင့်ပုံများကို ရှင်းလင်းဟောပြောခဲ့ပါသည်။

      ၎င်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းက စာဖတ်ခြင်း၏အကျိုးကျေးဇူးများကို ဟောပြောခဲ့ကြောင်းနှင့် နံနက်ပိုင်းအချိန်တွင် ဝဲဒေါင့် အခြေခံပညာမူလတန်းလွန်ကျောင်း၌ပြုလုပ်သည့် ဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ ၁၂၀ဦး၊ မွန်းလွဲပိုင်းတွင် ရေသျှံကြီး၊ အခြေခံပညာမူလတန်းလွန်ကျောင်းတွင်ပြုလုပ်သည့် ဟောပြောပွဲသို့ ကျောင်းသား/ ကျောင်းသူ ၇၀ဦးတက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)