တောင်ငူဈေးကွက်သို့ ရှမ်းပြည်ထွက် နှင်းဆီပန်းများဝင်ရောက်

Powered by Drupal

    မြန်မာလူမျိုးတို့သည် ဗုဒ္ဓဘာသာအများစုဖြစ်ကြသည့်အလျောက် မိမိအိမ်ရှိ ဘုရားကျောင်းတော်များတွင်လည်းကောင်း၊ ဘုရားကျောင်းကန်များတွင်လည်းကောင်း ဘုရားပန်းများကို ဝေဝေဆာဆာကပ်လှူကြပါသည်။ ထို့ကြောင့် ပန်းစိုက်ပျိုးသူများအနေဖြင့် ၎င်းတို့၏ ပန်းများမှာ ရောင်းအားကောင်းလျက်ရှိပါသည်။

      တောင်ငူမြို့၊ ညောင်ပင်ဈေးသို့ ရှမ်းပြည်နယ်၊ တောင်ကြီးဒေသမှထွက်ရှိသော ပန်းမျိုးစုံကို လာရောက်ရောင်းချလျက်ရှိရာ ယခုအခါတွင် ညောင်ပင်လေးဈေး၌ နှင်းဆီပန်းရောင်စုံများ ရောင်းချလျက်ရှိသည်ကိုတွေ့ရပါသည်။

      ယခင်နှစ်များတွင် နှင်းဆီပန်းအနီရောင်နှင့် ပန်းရောင်နှစ်မျိုးသာ လာရောက်ရောင်းချသည်ကိုတွေ့ရသော်လည်း ယခုနှစ်တွင် ရောင်စုံနှင်းဆီပန်းများကိုတွေ့ရပါသည်။ နှင်းဆီပန်းများကို အလှူ၊ မင်္ဂလာဆောင်များတွင်လည်း အများဆုံးအသုံးပြုကြပါသည်။

      နှင်းဆီပန်းရောင်စုံ ၁၀ပွင့်ပါ တစ်စည်းလျှင် ၁၅၀၀ကျပ်မှ ၂၀၀၀ကျပ်အထိရောင်းချရကြောင်းနှင့် ဘုရားပန်းကပ်လှူရာတွင် တာရှည်ခံသောကြောင့် ရောင်းအားကောင်းကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)