တောင်ငူဈေးကွက်သို့ ကြက်သွန်နီအသစ်များဝင်ရောက်၍ ဈေးနှုန်းကျဆင်း

Powered by Drupal

     တောင်ငူမြို့သို့ မန္တလေးတိုင်းဒေသကြီးမှ စိုက်ပျိုးရေးထွက်ကုန်များဝင်ရောက်လျက်ရှိရာ ယခုအခါ ကြက်သွန်နီအသစ်များ စတင်ဝင်ရောက်လာပြီဖြစ်ပါသည်။

    ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ တတိယပတ်တွင် တောင်ငူဈေးကွက်၌ ကြက်သွန်နီအသစ်တစ်ပိဿာလျှင် အသေး ၂၅၀၀ကျပ်၊ အလတ် ၃၀၀၀ကျပ်နှင့် အကြီး ၃၆၀၀ကျပ်မှ ၃၈၀၀ကျပ်အထိရှိပါသည်။

      ကြက်သွန်နီအဟောင်းမှာ တစ်ပိဿာလျှင် အသေး ၃၀၀၀ကျပ်၊ အလတ် ၃၈၀၀ကျပ်၊ အကြီး ၄၈၀၀ကျပ်ရှိပါသည်။

      အခွံကျွတ်ကြက်သွန်နီများမှာ အရွယ်အစားအသေး/အကြီး/အစုံရောနှောပြီးသား တစ်ပိဿာလျှင် ၂၀၀၀ကျပ်ဖြင့် အကြော်ဆိုင်များမှ အများဆုံးဝယ်ယူပါသည်။

      ကြက်သွန်နီအသစ်မှာ အဟောင်းထက် ဈေးနှုန်းလျော့နည်းသဖြင့် ပို၍ရောင်းရကြောင်းသိရှိရပါသည်။

DOCA(ပဲခူး)