ပြည်နယ်ဦးစီးမှူးမှ ဆန်စက်လုပ်ငန်းရှင်နှင့် တွေ့ဆုံ

Powered by Drupal

   ၁၉.၁.၂၀၂၄ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် ပြည်နယ်ဦးစီးမှူးရုံး၌ ဆန်စက်လုပ်ငန်းရှင်အသင်းဥက္ကဌနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

   ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် MyRoတွင် သိုလှောင်ရုံမှတ်ပုံတင်ကိစ္စနှင့်စပ်လျဉ်း၍ မေးမြန်းဆွေးနွေးခြင်းအပေါ် ပြည်နယ်ဦးစီးမှူးက စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်မှ ပြည်နယ်ဦးစီးမှူးရုံးသို့ User Manual များ ပေးပို့ထားပြီးဖြစ်ကြောင်း၊ ဌာနမှလည်းလုပ်ငန်းရှင်များ သို့ အဆိုပါ User Manual များကို ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ၊ သိုလှောင်ရုံမှတ်ပုံတင်လျှင် ပထမဦးစွာ အဖွဲ့ဝင်အဖြစ်မှတ်ပုံတင်ပြီးမှသာလျှင် သိုလှောင်ရုံမှတ်ပုံတင်ခြင်းကို ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သိုလှောင်ရုံမှတ်ပုံတင်ခြင်းနှင့် ငွေပေးချေခြင်း ဆောင်ရွက်ရာတွင် အဆင့်(၉)ဆင့်ရှိပါကြောင်း၊ သိုလှောင်ရုံမှတ်ပုံတင်ခြင်းဆောင်ရွက်ရာတွင် အခက်အခဲတစ်စုံတစ်ရာရှိပါက မိမိတို့ စားသုံးသူရေးရာဦးစီးဌာနသို့ မေးမြန်းနိုင်ပါကြောင်း ဆွေးနွေးခဲ့ ပါသည်။

DOCA(မွန်)